Unicode
********"ကလင်...ကလင်...ကလင်..."
အိပ်ရာဘေးရှိ ဖုန်းက ညနက်အချိန်ကြီး ထမြည်လာသည်။မဏိနှိုင်း အရက်ရှိန်ဖြင့် မူးနောက်နောက် ဖြစ်နေရာ မကိုင်ဘဲ ခေါင်းဦးယူကာ နားပိတ်ပြီး ပြန်အိပ်နေလိုက်သည်။
"ကလင် .ကလင်...ကလင်.."
ဖုန်းက သူမကိုင်မချင်း အဆက်မပြတ်အော်မြည်နေတာကြောင့် ယူကြည့်လိုက်တော့ နံပါတ်အစိမ်း။ စိတ်တိုတိုနှင့် ဖုန်းကိုင်လိုက်ပြီး
"လီးလား! !ဒါလူအိပ်ချိန်ဆိုတာ မသိဘူးလား၊ လီးမလို့ ခေါ်နေတာလား!ငါလိုး ကောင်တွေ!!"
ပြောချင်ရာပြောပြီး ဖုန်းချကာ ပြန်အိပ်လိုက်သော်လည်း နောက်တစ်ခါ ပြန်ခေါ်လာသော ဖုန်းသံ။
"လီးလား မအေပေး၊ မင်းဘာကောင်မလို့ လူအိပ်ချိန်တောင် မသိရတာလဲ!မင်း ဘယ်သူလဲပြောစမ်း! မှတ်လောက်သားလောက်အောင် လာဆော်ပေးရမလား!ပြော"
"ကျွန်တော်တို့ ရဲစခန်းကပါ..."
"အိ!!"
မဏိနှိုင်း ဆက်ဆဲဖို့ ပြင်နေတဲ့ စကားတွေ လည်ဝမှာ တစ်သွားပြီး ကျွတ်ထိုးသံ အိခနဲ ထွက်သွားသည်။
"အခုဖုန်းဖြေနေတာ ကိုမဏိနှိုင်း ဟုတ်ပါသလားမသိဘူး။ အခု ရဲစခန်းက ခေါ်နေတာပါ"
"ဟုတ်ဟုတ် ၊ကျွန်တော် မဏိနှိုင်းပါ၊ ဘာကိစ္စများ ရှိလို့လဲ မသိဘူး ..""နှိုင်းသွေးနဲ့ သက်လွှာနှိုင်းဆိုတဲ့ ကလေး၂ယောက် အခုစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အုပ်ထိန်းသူဖြစ်တဲ့ မောင်မဏိနှိုင်းကို ခေါ်ပေးပါဆိုတဲ့အတွက် အကြောင်းကြားရခြင်း ဖြစ်ပါတယ်။ ကိုမဏိနှိုင်းခင်ဗျ စခန်းကို ခဏလောက် လာပေးလို့ရမလား"
"ဗျာ ညီလေးနဲ့ ညီမလေး အဖမ်းခံရတယ်?၊ ဘာအမှုနဲ့လဲ..၊ခဏ အခုဘယ်စခန်းကလဲ၊ ကျွန်တော် အခုလာခဲ့မယ်.."
"(.....)စခန်းကပါ"
"ဟုတ်ဟုတ်၊ ကျွန်တော် အခုလာပါပြီ"
မဏိနှိုင်း မူးနေတဲ့ခေါင်းက ဖမ်းခံရတယ်ဆိုတဲ့ စကားသံနှင့်အတူ လွှင့်ပါသွားပြီး အိပ်ရာပေါ်က ကုန်းရုန်းထကာ အဖေနဲ့အမေမသိအောင် အမြန်ထွက်လာခဲ့သည်။ စခန်းကိုရောက်ရန် တစ်နာရီလောက် မောင်းသွားရပြီး သူရောက်တော့ မနက် ၂နာရီခန့် ရှိနေပြီ ။