7

19.1K 527 19
                                    

Unicode
********

"မင်း ဇေယျာ..၊ငါ့ညီမရိုက်လိုက်တာ မင်းလား"
"အင်း မင်းညီမလား အဲ့ကလေးမက...တော်တော်တော့ လက်သံပြောင်သားပဲ"
"ငါတောင်းပန်ပါတယ်၊ ငါ့ညီမနဲ့ ညီက အထင်လွဲပြီး မင်းကို ကိုယ်ထိလက်ရောက် ဖြစ်သွားတာ၊ အားနာပေမယ့်လေ မင်းကျေနပ်အောင် ငါ ဘာလုပ်ပေးရမလဲ၊ လျှော်ကြေး ဘယ်လောက်ပေးရင် မင်း ကျေအေးပေးနိုင်မလဲ"

"ငါ ငွေမလိုဘူး.."
"ဟမ်?"
"ငါ့မှာ အပေါဆုံးက ငွေပဲ၊ ငါ့ရုပ်က ငွေလိုမယ့်ရုပ်ပေါက်နေလို့လား မဏိ၊မင်းတစ်ချက်လောက်လည်း မျက်စိဖွင့် နားဖွင့်ပြီး စုံစမ်းကြည့်ပါဦး၊ အခုငါက တစ်နိုင်ငံလုံးရဲ့ top 1 ကုမ္ပဏီရဲ့ ဆက်ခံသူ သူဌေးတစ်ယောက်ဆိုတာ.."

ဇေယျာ ခြေနှစ်ချောင်းကို ဒူးချိတ်ထိုင်လိုက်ပြီး မဏိကို ပြောလိုက်သည်။ မဏိနှိုင်း ဆက်ပြောမယ့် စကားတွေက ထိုအကြောင်းကို စဉ်းစားမိသွားတော့ အာစေးမိသွားသည် ။

ဟုတ်သားပဲ ။သူ့ရှေ့က ဒီကောင်က ကျောင်းမှာထဲက top 1 သူဌေးကြီးရဲ့ သားပဲလေ၊ သူကိုယ်တိုင်တောင် သူ့အဖေရဲ့ ကုမ္ပဏီမှာ ဝင်လုပ်နေတာ၊ ဒီကောင်လည်း သူ့အဖေရဲ့ အလုပ်ဝင်လုပ်ပြီး သူဌေးတောင် ဖြစ်နေလောက်ပြီပေါ့။

"ဒါဆို ငါ့အငယ်တွေ လုပ်ရပ်အတွက် မင်းကျေအေးပေးနိုင်ဖို့ ငါဘာလုပ်ပေးရမလဲ၊ ငါတောင်းပန်ပါတယ်ကွာ၊ ငါ့မိဘတွေ သိလို့မဖြစ်ဘူး၊ ငါဘာလုပ်ပေးရမလဲ.."

"ငါနဲ့အတူအိပ်ပေး"
"ဘာ!!!!"

မဏိနှိုင်းတစ်ယောက် ခေါင်းပေါ်ကို ကျောက်တုံး အတုံးတစ်ရာလောက် ပစ်ချခံလိုက်ရသလိုပင်။ နားထင်ကို သွေးတွေ ဒုတ်ခနဲ စောင့်တက်လာပြီး လူက မိုက်ခနဲ ဖြစ်ကာ ယိုင်သွားသည်။

"မင်း မနောက်ပါနဲ့ ဇေယျာ"
"ငါနောက်နေတာ မဟုတ်ဘူး။ မင်း ညနေက ပြောပုံအရဆို ငါ့sex tape ကို မင်းသိတဲ့ ပုံပဲ၊ အဲ့တော့ ငါ gay ဆိုတာလည်း မင်းသိမှာပဲ မဟုတ်လား၊ အစကတော့ အုပ်ထိန်းသူ လာရင် မင်းပြောသလို ငွေများများတောင်းပြီး ကျေအေးပေးမလား စဉ်းစားနေတာ၊ အခုတော့ မင်းကို မြင်တော့ စိတ်ပြောင်းသွားပြီ၊ မင်းငါနဲ့ အတူ (၅)နှစ် အိပ်ပေး ။ ဒါဆို ပြဿနာတွေအားလုံး ငါရှင်းပေးမယ်"

Daddy= Baby (Completed)Where stories live. Discover now