"တံခါးဖွင့် တံခါးဖွင့် တံခါးလာဖွင့်လို့ဆိုနေ"
တစ်နှစ်လုံးမှာ နှစ်ရက်တည်းရတဲ့နားရက်ကို ဘယ်သူလာဖျက်ဆီးပြန်တာလဲ ပြီးတော့လဲ ညဘက်ကြီး... စာအုပ်ဖတ်နေရင်း ကြားရတဲ့ တံခါးခေါက်သံ တဒုန်းဒုန်းနဲ့ အသဲအသန်အော်နေတာကြောင့် စာအုပ်ချကာ တံခါးဖွင့်ပေးဖို့ထလာရသည်....
"ဟင် ဂျယ်ယွန်း"
"ဒီမှာ လူကြီး လူကြီးနားရက်ဆိုတာကို ဘာလို့မပြောတာလဲ ကျွန်တော်ကသူများပြောမှသိရတယ် ကျွန်တော်က ခင်ဗျား ရည်းစားပါနော် "
ဟ ရောက်တာနဲ့ ကရားရေလွှတ်သလို ပါးစပ်ကတောက်လျှောက်ပြောနေသလို လက်ကလဲ ပါလာတဲ့ခေါက်ဆွဲထုပ်တွေကို ထားနေကျ ဗီရိုထဲသေချာစီထည့်နေတယ်....
"ပြောလေ လူကြီး ခင်ဗျားက နားရက်တောင် ကျွန်တော်နဲ့ မကုန်ဆုံးချင်တော့ဘူးပေါ့ ကျွန်တော့်ကိုမလိုအပ်တော့ဘူးပေါ့လေ တွဲလာတာ တစ်နှစ်ကျော်ပြီဆိုတော့ ငြီးငွေ့ပြီပေါ့လေ"
"ခဏ ခဏနေပါအုံး ဂျယ်ယွန်းရယ် ရော့ ရေသောက်အုံး"
ကမ်းပေးတဲ့ရေကို အားရပါးရသောက်ပြီးတော့ ဂျယ်ယွန်းဆီက မျက်စောင်းလှလှတစ်ချက်ကိုရတယ်...
ချစ်ဖို့ကောင်းလွန်းလို့ ပါးကိုဖွဖွလေးဆွဲလိုက်တော့...
"အာ ကိုကို ဒီလူကြီးကတော့"
ခုမှပဲ ကိုကိုဆိုပြီးကြားရတော့တယ် ဂျယ်ယွန်း စိတ်ဆိုးလာရင် လူကြီးတွေ ကျွန်တော်တွေနဲ့ပြောတတ်တဲ့အကျင့်လေးကလဲ ချစ်စရာကောင်းပေမယ့် ကိုကို ဆိုတာလေးက ဘယ်လောက်တောင်နားထောင်လို့ကောင်းလိုက်သလဲ....
"ကိုကိုက ဂျယ်ယွန်းလဲ နားလို့ရအောင်ပေါ့ Christmasနေ့ကျရင် ကိုကိုနဲ့ပဲတစ်နေကုန် နေရမှာလေ အမြဲတမ်း ကိုကို့နားမှာဆို ဂျယ်ယွန်းက ကိုကို့ကိုရိုးသွားမှာပေါ့"
"အပိုတွေပြောမနေနဲ့ ကိုကို့ကို ဂျယ်ယွန်းက သုံးနှစ်တောင်လိုက်လာတာပါနော် ရိုးကြေးဆို အဲ့ကတည်းကရိုးသွားပြီ ကိုကိုကသာ ဂျယ်ယွန်းကိုရိုးသွားမှာမလား"
"ဖြစ်စရာလား ကိုကို့ဂျယ်ယွန်းလေးရယ် ကိုကို ဂျယ်ယွန်းနီးကို လက်ခံခဲ့ကတည်းက အခုချိန်ထိ ဂျယ်ယွန်းနီးကို တစ်နေ့ထက်တစ်နေ့ ပိုပြီး အချစ်တွေတိုးလာတာပဲရှိတာ သိရဲ့လား ပေါက်စလေး " ဆိုပြီး နှာခေါင်းထိပ်လုံးလုံးလေးကို ဆွဲညှစ်လိုက်တော့...
YOU ARE READING
_𝚄 & 𝙸_ (one shot)