Unicode

185 26 17
                                    

"Hello ဂျပန်စံတော်ချိန် ညေန ၆နာရီရှိပါပြီ...
ကျွန်တော်ကတော့
ဒီနေ့ရဲ့ အစီအစဉ်တင်ဆက်သူ မီချီအဲဒ ရွှန်းဆုကဲ ဖြစ်ပါတယ်..."

"ကျွန်တော်တို့ FM ရဲ့ ခရစ်စမတ် live အစီအစဉ်လေးမှာ
စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်များစွာက စောင့်ကြိုနေတာမို့
stay tuned ပါနော်..."

"အခု ကျွန်တော်အသံလွှင့်နေတုန်းမှာပဲ
Osaka ရဲ့ ပထမဆုံးနှင်းဟာ ခရစ်စမတ်မှာကျဆင်းလာခဲ့ပါပြီ
အရမ်းကို ရိုမန့်တစ်ဆန်လွန်းတာပါပဲ..."

"နှင်းတွေကြောင့် လမ်းချော်မှုတွေဖြစ်နိုင်တာမို့
ကားကိုဂရုစိုက်ပြီး မောင်းနှင်ကြပါ...
လမ်းကူးတဲ့အခါ သတိထားကြပါ...
ရောဂါကာကွယ်ဖို့ mask တပ်ဖို့လည်းမမေ့ကြပါနဲ့နော်..."

"ချစ်ခင်မှုတွေကို မျှဝေဖို့ မမေ့ကြပါနဲ့နော်
မယ်ရီခရစ်စမတ်ပါ လို့ ချစ်ရတဲ့သူတွေကို
ပြောဖြစ်အောင်ပြောလိုက်ပါဦး...
Justin Bieber ရဲ့ Mistoetle ဆိုတဲ့ သီချင်းလေးကို
ထုတ်လွှင့်ပေးပါမယ်ဗျ...
အားလုံးပဲ မယ်ရီခရစ်စမတ်ပါ..."

ကျွန်တော်ရှိနေတဲ့ အဆောက်အဦးက
Osaka ရဲ့ မြို့လယ်မှာရှိတဲ့ အဆောက်အဦးတစ်ခုပါ...
ကျွန်တော်တို့ FM က 25 ထပ်မြောက်မှာတည်ရှိပြီး
အသံလွှင့်ခန်းကို မှန်တွေနဲ့ကာရံထားတာဖြစ်ပါတယ်...။
အောက်ကိုငုံ့ကြည့်လိုက်တဲ့အခါ မီးရောင်စုံတွေနဲ့
အလှဆင်ထားတဲ့လမ်းတွေရယ်
လမ်းတစ်လျှောက်လုံးပြည့်ကျပ်နေတဲ့ ကားတွေရယ်နဲ့
လှုပ်ရှားသွားလာနေကြတဲ့လူတွေကို ဝိုးတဝါးတွေ့မြင်နိုင်ပါတယ်...။

ခရစ်စမတ်ဟာ ပျော်စရာအချိန်လို့ အများကသတ်မှတ်ကြပြီး
အားလပ်ရက်တစ်ရက်လည်းဖြစ်ပါတယ်...။
Mistoetle ပင်လေးအောက်က စစ်မှန်တဲ့အနမ်း...
မီးလုံးလေးတွေ... ချောကလက်နဲ့ကိတ်တွေ...
အနီရောင်ဖဲကြိုးနဲ့ လက်ဆောင်ဘူးတွေ...
ဆုတောင်းစကားသံနဲ့ စစ်မှန်တဲ့အပြုံးတွေ...
ခရစ္စမတ္က သိပ်လှနေပါလိမ့်မယ်...။

ဒါပေမယ့်လည်း...
ကျွန်တော့်အတွက်တော့ ခရစ်စမတ်ဟာ
ဘာကြောင့်မှန်းမသိ အထီးကျန်ဖို့ကောင်းနေပါတယ်...။

လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ကျွန်တော့်ရဲ့ခရစ်စမတ်က
ခြောက်ကပ်နေခဲ့တယ်...။
တစ်စုံတစ်ရာပျောက်ဆုံးနေတယ်လို့ထင်ခဲ့ပေမယ့်
ဘယ်အရာပျောက်ဆုံးနေမှန်းလည်း ကျွန်တော်မသိခဲ့ဘူး...။
ကျွန်တော့်ရဲ့အတိတ် ကျွန်တော့်ရဲ့သူငယ်ချင်းတွေ
ကျွန်တော့်ရဲ့ပတ်ဝန်းကျင်
ကျွန်တော့်ရဲ့မှတ်ဉာဏ်တွေထဲကို ရှာဖွေခဲ့ပေမယ့်
အဲ့အရာနဲ့ပတ်သတ်ပြီး ကျွန်တော်ဘာမှရှာမတွေ့ခဲ့ဘူး...။

When The First Snow Fall (One shot)Where stories live. Discover now