3

945 142 17
                                    

Unicode

အနီရောင်ဇာပဝါသည်နေ့စဉ်ရက်ဆက်လောက်လာကာကာငွေတစ်ထပ်နှင့်ပုံမှန်လောင်းကစားပွဲတွင်ဝင်ပါလေ့ရှိသည်
မည့်သည့်အတတ်များနှင့်ပြုလုပ်ထားသလဲတော့မသိရ...

နေ့စဉ်ဆိုသလိုCarmineကချည်းနိုင်ကာငွေများအကုန်သိမ်းပိုက်သွားသောကြောင့်လောင်းကစားရုံကလူတွေသည်သိပ်တော့ကျေနပ်မနေခဲ့ပါ။
ထိုထဲတွင်လည်းJeonသည်ပါဝင်လောက်ပေမည်။

အနီရောင်ဇာပဝါသည်လည်းပွဲအားလုံးသိမ်းပိုက်ပြီးသည့်နောက်တွင်အရိပ်လေးတစ်ခုလိုပင်ပျောက်ပျောက်သွားခဲ့သည်။

ထိုနေ့ဟာသာယာတဲ့နေ့တစ်နေ့ဖြစ်ပေမယ့်Adanoရဲ့အုံ့ဆိုင်းနေသောမီးခိုးငွေ့များကြောင့်ရာသီဥတုသာယာသည်ကိုမခံစားနိုင်ခဲ့ပါ။
ထုံးစံအတိုင်းလောင်းကစားပွဲတွင်လူစုံနေပြန်သည်။

"ချကွာ..."

"၂နဲ့၆ ၈နဲ့၁"

လောင်းကစားဝိုင်းတော်တော်များများမှအသံများသည်ဆူညံလျက်ပင်ရှိကာJeonတို့သည်လည်းအရှိန်ကောင်းနေခဲ့သည်။
ထူးခြားသည်ကားJeonသည်ထိုနေ့၏ညနေပိုင်းအတွက်မသိနိုင်သောအကြောင်းအရာတစ်ခုကိုပြင်ဆင်ခဲ့ပြီးသားဖြစ်လေသည်။

"ဟား ဒီနေ့လည်းကိုယ်နိုင်ပြန်ပြီ"

Carmineသည်ခပ်ပြုံးစစဖြင့်ဆိုလာကာ
ငွေတွေအကုန်လုံးကိုယူလာသောအိတ်ထဲထည့်ဖို့ပြင်သည်။
သို့ပေမယ့်ယခင်ကလိုမျက်လုံးအရောင်တွေပြောင်းမနေခဲ့သောJeonသည်အနည်းငယ်တော့ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မည်။

"ဒါဆိုသွားပြီနော်"

အနီရောင်အရိပ်လေးသည်နောက်တစ်ခေါက်ထပ်ပြီးပျောက်ကွယ်သွားပြန်သည်။
ဒီတစ်ခါတော့Jeonသည်အရင်ကလိုစောင့်ဆိုင်းမနေတော့ပဲသူ့လူတစ်ယောက်ကိုအနားခေါ်လိုက်သည်။

"သူ့အနောက်ကိုလိုက်သွား
ဘယ်မှာနေလဲစုံစမ်းခဲ့"

တာဝန်ပေးခံရသောသူသည်လည်းခေါင်းတစ်ချက်ငြိမ့်ပြကာပျောက်ကွယ်သွားသောအနီရောင်အရိပ်လေးနောက်လိုက်သွားတော့သည်။
Jeonကတော့ဆေးတံကိုသောက်နေကာခပ်ပြုံးပြုံး။

Carmine(Completed)Where stories live. Discover now