5(Final)

1.3K 130 9
                                    

Unicode

Carmineသည်Adanoသို့နောက်တစ်ခေါက်ပြန်ရောက်လာလေပြီ။
ဒီတစ်ခါတွင်အက်စီးရဲလ်၏ရက်စက်လှသောအကြံအားအကောင်အထည်ဖော်ပေးနိုင်ရန်အတွက်နှင့်ချစ်ရသူအတွက်နောက်တစ်ဖန်ပြန်ရောက်လာရခြင်းသာ...

"ထွက်သွားခဲ့မယ်လုပ်ပေမယ့်မောင်ရယ်
ထပ်ပြီးပျော့ညံ့နေပြန်ပြီ"

ခပ်တိုးတိုးရေရွတ်မိလိုက်သောစကားသံအချို့နှင့်အတူရင်ဘတ်သည်လည်းထပ်မံနာကျင်လာရပြန်သည်။
လွန်ခဲ့တဲ့၃ပတ်လောက်ကပုံရိပ်လေးတွေကအမှန်တကယ်ကြည်နူးစေပေမယ့်ဝမ်းနည်းစရာလည်းကောင်းနေပြန်သည်။

ဘာဖြစ်လို့လဲဆိုဒီကိစ္စပြီးတာနဲ့စိတ်ကိုအပြီးအပိုင်ဖြတ်ချလိုက်တော့မှာမလို့ပဲ
မောင့်အနားကနေဟိုးအဝေးကြီးကို...
မှန်းတောင်မဆနိုင်တဲ့အကွာအဝေးဆီကိုထွက်သွားမယ်
Carmineအဖြစ်နဲ့လည်းမဟုတ်ဘူး
ParkJiminအဖြစ်နဲ့လည်းမဟုတ်ဘူး
သာမန်လူတစ်ယောက်အနေနဲ့....

မြို့ထဲဝင်လိုက်ချင်းတွေ့လိုက်ရတဲ့စာတွေကြောင့်မူးချင်သွားသည်။
ဤသည်မှာဝရမ်းပြေးတွေအတွက်ကပ်ထားသောစာတစ်စောင်သာ...
Carmine၏သဏ္ဌာန်နှင့်ထပ်တူကျနေခဲ့ရုံမကအနီရောင်အကွက်ဖော်ထားသည့်ဇာပဝါကပါတူနေခဲ့သည်။
မြို့၏လူသတ်မှုကိုကျူးလွန်ထားသည့်လူသတ်သမားတစ်ယောက်အနေနဲ့Carmineကနံရံပေါ်မှာစာရွက်တွေနဲ့အတူ....ဆုငွေတစ်သိန်းတဲ့

"ဒါကဘာတွေလဲ"

စာရွက်ကိုကြည့်နေတုန်းမှာပင်တစ်စုံတစ်ယောက်သည်တွေ့သွားခဲ့သည်။
ထိုသူသည်ကင်းလှည့်နေသောအစောင့်များကိုလှမ်းခေါ်ကာသူရှိရာလက်ညှိုးထိုးလာသည်။

အစောင့်အချို့သည်Carmineကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက်အပြေးရောက်လာကြသည်။
ထို့ကြောင့်ထိုနေရာမှအမြန်ပြေးထွက်ခဲ့တော့သည်။

အတော်ဝေးဝေးကိုရောက်ပြီဖြစ်သော်လည်းထိုအစောင့်များသည်မျက်ခြေမပြတ်သွားပဲများသထက်များလာကာမလွတ်တမ်းလိုက်နေကြသည်။
အိမ်တန်းလျားများကိုကျော်ဖြတ်ပြီးသည်တွင်Carmineသည်လွတ်လမ်းလုံးဝမရှိတော့ပြီ။
ရှေ့တွင်အုတ်များအပြည့်ဖြင့်ကာရံထားသောနံရံကြီးတစ်ခုသာရှိနေ၍မည်သို့မျှရှေ့ဆက်လက်ပြေးရန်မဖြစ်နိုင်တော့...

Carmine(Completed)Where stories live. Discover now