နွေဦးတိမ်တိုက်
နွေဦးအခန်းထဲသို့ရောက်သည်နှင့်အခန်းမီးခလုတ်ကိုနှိပ်ကာအခန်းမီးကိုဖွင့်လိုက်သည်။စားပွဲပေါ်တွင်ပြည့်ကျပ်စွာနေရာယူသောရေဆေးဗူးများကိုအောက်တွင်ထားထားသည့်ခြင်းတောင်းကျယ်ကြီးထဲသို့အမြန်ထည့်လိုက်ပြီးဓာတ်ပုံဆိုင်မှယူလာသောဓာတ်ပုံများကိုဓာတ်ပုံအိတ်ထဲမှထုတ်ကာစားပွဲပေါ်တွင်ဖြန့်၍ကြည့်လိုက်သည်။
"ဟာ ဒါဘာတွေလဲ။ ဘယ်သူပုံတွေလဲ။ ငါရိုက်ထားတာတွေလည်းမဟုတ်ဘူး။"
ဓာတ်ပုံများကိုကြည့်နေရင်းနွေဦးတစ်ကိုယ်တည်းရေရွတ်မိသည်။နွေဦးနဲ့ရွယ်တူဖြစ်လောက်မည့်လူတစ်ယောက်ဓာတ်ပုံများဖြစ်ပြီးဓာတ်ပုံအများစုသည်အပြောင်အပျက်သဘောရိုက်ထား၍အနည်းစုသာကောင်းကောင်းမွန်မွန်ဖြစ်သည်။ကောင်းကောင်းမွန်မွန်ဖြစ်သည့်ဓာတ်ပုံကိုနွေဦးကြည့်လိုက်တော့နွေဦးရင်းနှီးနေသောတစ်စုံတစ်ယောက်ဖြစ်နေသည်။နွေဦးဓာတ်ပုံဆိုင်သို့သွားလဲရန်ဓာတ်ပုံများကိုဓာတ်ပုံအိတ်ထဲပြန်ထည့်ပြီးမှနွေဦးသွားယူတုန်းကဓာတ်ပုံဆိုင်ကတံခါးပိတ်ခါနီးကိုသတိရသွားသည်။နွေဦးလည်းဓာတ်ပုံအိတ်ကိုစားပွဲပေါ်တင်ထားရင်းရှုပ်ပွနေသည့်အခန်းကိုသာရှင်းလိုက်တော့သည်။နွေဦး,နာမည်အပြည့်အစုံမှာနွေဦးကိုဖြစ်ပြီး24Hoursစတိုးဆိုင်တစ်ခုတွင်Cashierလုပ်သည်။နွေဦးမှာရည်မှန်းချက်တစ်ခုရှိသည်။အဲဒါကတစ်ကိုယ်တော်ပန်းချီပြပွဲလုပ်နိုင်ရန်ဖြစ်သည်။နွေဦးကနာမည်မရသေးသောပန်းချီဆရာတစ်ယောက်ဖြစ်သည်။အခုတော့စတိုးဆိုင်ကိုလာလာနေ၍ရင်းနှီးသွားသည့်ပန်းချီဆရာတစ်ယောက်လုပ်မည့်ပန်းချီပြပွဲတွင်နွေဦးပန်းချီကားတစ်ချပ်နှစ်ချပ်ပြခွင့်ရ၍နွေဦးဝမ်းသာနေသည်။ထိုကြောင့်လည်းပန်းချီအသစ်ဆွဲရန်ဇာတိမြို့ကိုပြန်တုန်းကရိုက်ထားသည့်ဖုန်းထဲကရှုခင်းဓာတ်ပုံများကိုသွားကူးခြင်းဖြစ်သည်။သို့သော်လည်းဓာတ်ပုံဆိုင်ကမှားထည့်ပေးလိုက်၍တစ်ရက်အချိန်ပုပ်သွားပြီဖြစ်သည်။
အခန်းရှင်းပြီးတော့နာရီက၈နာရီခွဲနေပြီးဖြစ်၍ရေချိုးကာညဆိုင်းဆင်းရန်နွေဦးအိမ်မှထွက်လာခဲ့သည်။နွေဦးအလုပ်လုပ်ရာစတိုးဆိုင်သည်နွေဦးအိမ်နဲ့တစ်ရပ်ကွက်တည်းဖြစ်ပြီးသုံးလမ်းကျော်တွင်ဖြစ်သည်။နွေဦးစတိုးဆိုင်ရောက်တော့အဆိုင်းလဲရန်ဝန်ထမ်းကောင်မလေးကစောင့်နေပြီဖြစ်သည်။
"စောင့်ရတဲ့အတွက်Sorryပါဗျာ။"
နွေဦးTimeCardရိုက်နေရင်းတောင်းပန်စကားပြောလိုက်သည်။
"မလိုပါဘူး။ ငါးမိနစ်၊ဆယ်မိနစ်တော့စောင့်ပေးလို့အဆင်ပြေပါတယ်။"
အဆင်ပြေကြောင်းပြန်ပြောပြီးဝန်ထမ်းကောင်မလေးကဆိုင်ထဲမှထွက်သွားသည်။နွေဦးစတိုးဆိုင်နာမည်ပါသောအပေါ်ထပ်အင်္ကျီကိုတီရှပ်အပေါ်တွင်ထပ်ဝတ်ပြီးကောင်တာဘေးကပလပ်စတစ်ထိုင်ခုံတွင်ထိုင်မည်အလုပ်တွင်ရှေ့ကဆိုင်အမှိုက်ပုံးကအမှိုက်တွေနဲ့ပြည့်နေ၍အမှိုက်အိတ်ကိုစည်းနှောင်ပြီးဆိုင်ရှေ့ကအမှိုက်ပုံးကြီးထဲတွင်အမှိုက်အိတ်ကိုလွှတ်ပစ်လိုက်သည်။နွေဦးဆိုင်ထဲပြန်ရောက်ပြီးမရှေးမနှောင်းပင်ဝယ်သူများဆိုင်ထဲသို့ကိုယ်စီကိုယ်စီဝင်လာကြသည်။
အတန်ကြာဆိုင်ထဲတွင်ဝယ်သူများပြီးနောက်နွေဦးတစ်ယောက်အနားရသွားသည်။ဆယ့်တစ်နာရီကျော်တော့ဝယ်သူသိပ်မရှိတော့၍နွေဦးဆိုင်တံခါးကိုသော့ခတ်လိုက်သည်။သော့မခတ်လို့လည်းမရတော်ကြာကိုယ်အိပ်ငိုက်နေလို့ပစ္စည်းတွေအခိုးခံရတာဖြစ်
ဖြစ်၊အနုကြမ်းစီးတဲ့သူတွေကြောင့်ပစ္စည်းတွေရောကိုယ်ပါအသတ်ခံရမှာတွေး၍သော့ခတ်လိုက်ခြင်းဖြစ်
သည်။အရေးတကြီးလာဝယ်သူဆိုရင်သော့ဖွင့်ပေးမည်ဟုနွေဦးစိတ်ကူးထားသည်။ဆိုင်ကိုသော့ခတ်ပြီးမှကြမ်းပြင်တွင်ခြေရာတွေကြောင့်ညစ်ပတ်နေသည်ကိုတွေ့၍နွေဦးစတိုခန်းထဲမှကြမ်းတိုက်တံနဲ့ရေပုံးကိုသွားယူကာသန့်ရှင်းသွားအောင်ကြမ်းတိုက်နေမိသည်။
"ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်"
"အူ.....အူ"
သံချောင်းခေါက်သံနှင့်အတူထွက်လာသောခွေးအူသံများကြောင့်တိမ်တိုက်ကျောချမ်းလာသည်။သို့သော်လည်းအနည်းငယ်သောက်ထား၍စိတ်ကသိပ်မကြောက်။ဒီနေ့ထက်နိုင်မွေးနေ့ဖြစ်၍တစ်ဝိုင်းကျွေးမည်ဟုထက်နိုင်ကဖုန်းဆက်သဖြင့်တိမ်တိုက်လာခဲ့ခြင်းပင်။ဗိုက်အပြည့်ဖြည့်ပြီးတော့Second Roundသွားရန်အောင်သူကထက်နိုင်ကိုပူဆာသဖြင့်တိမ်တိုက်ပါလိုက်သွားခဲ့သည်။ပုံမှန်ဆိုတိမ်တိုက်Night_Outမထွက်ဖူးပေမယ့်ဒယ်ဒီဖားသားကအလုပ်ခရီးထွက်နေ၍မာတာမိခင်ကြောင့်သာအဆင်ပြေခြင်းဖြစ်သည်။Second_Roundကအပြန်အောင်သူကThird_Roundလုပ်နေသေးသည်။အခုတောင်တော်တော်နောက်ကျနေပြီဖြစ်၍တိမ်တိုက်ကငြင်းတော့ထက်နိုင်ကလိုက်ပို့ပေးမည်ပြောသော်လည်းတိမ်တိုက်အားနာ၍ငြင်းလိုက်ပြီးလမ်းထိပ်ရောက်သည့်Busကားကိုသာစီးလာခဲ့သည်။
ကားပေါ်ကဆင်းပြီးလမ်းထဲသို့တိမ်တိုက်လျှောက်လာသော်လည်းမိမိကိုကြည့်ကာအူနေသောခွေးတွေကြောင့်တိမ်တိုက်ကြောက်လာ၍အမူးတောင်ပြေသွားသလို။အမူးပြေသည်နှင့်အကြောက်ကပိုတိုးလာသည်။မကြောက်ဟန်ဆောင်ကာဆက်လျှောက်လာသော်လည်းခွေးအူကမရပ်သဖြင့်တိမ်တိုက်ဘေးပတ်ဝန်းကျင်ကိုကြည့်တော့မီးလင်းနေသောစတိုးဆိုင်လေးကိုမြင်၍တိမ်တိုက်စတိုးဆိုင်ဘက်သို့မပြေးရုံသဖွယ်အမြန်လျှောက်လာကာဆိုင်တံခါးကိုတွန်းဖွင့်လိုက်သည်။ဆိုင်တံခါးကမပွင့်သဖြင့်တံခါးကိုဆွဲဖွင့်ကြည့်လိုက်သော်လည်းတံခါးကမပွင့်။တံခါးမပွင့်၍တိမ်တိုက်နောက်သို့ပြန်အလှည့်တွင်တိမ်တိုက်ဆီသို့ဦးတည်လာနေသောခွေးအုပ်တစ်အုပ်ကြောင့်တိမ်တိုက်ချွေးစို့လာသည်။ခွေးအုပ်ကြောင့်တိမ်တိုက်ဆိုင်တံခါးကိုနောက်တစ်ကြိမ်ပခုံးနဲ့အရှိန်ပြင်းပြင်းတွန်းလိုက်စဥ်ပွင့်သွားသောတံခါးနဲ့အတူတိမ်တိုက်လည်းဆိုင်ကြမ်းပြင်နဲ့မိတ်ဆက်သွားသည်။
"အမယ်လေးဗျ နာလိုက်တာ။"
တိမ်တိုက်မတ်တပ်ရပ်ကာပခုံးကိုနှိပ်နယ်ရင်းပြောမိပြီးမှရှေ့တည့်တည့်တွင်ရပ်ကာမိမိကိုကြည့်နေသောCrashierကိုသတိထားမိပြီး
"ဆိုင်တံခါးတွေကလည်းဖွင့်ထားမှန်းမသိ၊ပိတ်ထားမှန်းမသိ။"
"တောင်းပန်ပါတယ်ဗျာ ကျွန်တော်ကညနက်လာတော့အစိုးရိမ်လွန်ပြီးပိတ်လိုက်မိတာပါဗျာ။"
တိမ်တိုက်အရှက်ပြေအောင်ပြောလိုက်ပြီးမှသေချာပြန်ရှင်းပြသောCrashierကြောင့်အားနာသွားသည်။နောက်ကိုလှည့်ကြည့်တော့ဘာခွေးမှမရှိတော့၍တိမ်တိုက်ဒီအတိုင်းထွက်သွားရန်ပြင်ပြီးမှဆိုင်ထဲကတစ်ခုခုဝယ်လိုက်သင့်သည်ဟုတွေးပြီးကောင်တာတွင်တင်ထားသောစင်ကပီကေတစ်ကဒ်ကိုယူလိုက်တော့Crashierကပီကေကိုစျေးနှုန်းဖတ်လိုက်သည်။
"၁၅၀၀"
ပီကေဖိုးရှင်းရန်တိမ်တိုက်ဘောင်းဘီအိတ်ထဲကိုလက်နှိုက်လိုက်မှအိမ်မှပိုက်ဆံအိတ်မယူခဲ့ပဲအကြွေလေးရာသာယူခဲ့ကြောင်းသတိရသွားသည်။
"ဒုက္ခပါပဲ ရှက်စရာကြီး။"
တိမ်တိုက်တွေးရင်းအခုမျက်နှာကိုဓားနဲ့သာခုတ်လိုက်ချင်မိသည်။
"ပိုက်ဆံအဆင်ပြေရဲ့လားဗျ။"
မျက်စိမျက်နှာပျက်နေသောသူကြောင့်နွေဦးမေးလိုက်မိသည်။Crashierကောင်လေးအမေးကိုတိမ်တိုက်ရှက်ရှက်နဲ့ခေါင်းညိတ်ပြလိုက်သည်။
"နောက်နေ့မှလာပေးလဲအဆင်ပြေပါတယ်။ ဒါမှမဟုတ်မယူချင်လဲရပါတယ်ဗျ။"
"ဒါဆိုမယူတော့ဘူး။"
တိမ်တိုက်ပြောပြီးသည်နှင့်ဆိုင်ထဲမှအမြန်ဆုံးထွက်လာခဲ့သည်။
"သူကိုကူညီတာနဲ့မင်းတော့ပီကေကိုပိုက်ဆံပေးပြီးစားရတော့မယ်။"
နွေဦးပိုက်ဆံကိုကောင်တာပိုက်ဆံပုံးထဲထည့်လိုက်ပြီးမှပီကေကိုဖောက်ကာတစ်ခုထုတ်၍စားလိုက်တော့သည်။
YOU ARE READING
Summer Cloud & Misty Winter
RomanceTwo One Shots In One Book. Opposite Titles with Different Tastes.