1.1

172 18 12
                                    

Unicode~

မြောက်အရပ်မှ လေအေးသည် အရှေ့အရပ်သို့ ကူးလူးသွားလာနေသည်။လွန်ခဲ့တဲ့တစ်နှစ်ကစပြီး ကျော်ကြားလာသည့် ဆေးဆရာကျင်းသည် တည်ကြည်ဖြောင့်မတ်ကာ၊ရိုးသားကြိုးစားသောကြောင့်..သူ၏နောက်ခံအားတိတိကျကျမသိရှိရသည့်တိုင်အောင် ရွာထဲမှ ၄င်းတို့သမီးပျိုလေးများအား လက်ဆက်ပေးချင်နေကြသည့် မိဘ၊အကိုမောင်များရှိနေကြသည်။

ရွာထဲမှ စေတနာဖြင့်ပြန်လည်ပေးအပ်သည့် အသီးအနှံအချို့တစ်ဝက်မှလွဲ၍ အဖိုးအခမယူတက်သော ခန့်ညားချောမောသည့် ဆေးဆရာကျင်းအား လူကြီးမှစ၍ကလေးအဆုံးချစ်ခင်ကြသည်။

ကျင်းကျွင်းမြန်း သည် လွန်ခဲ့သည့် ၁ပတ် မတိုင်မီကတည်းကပင် တစ်ရွာကျော်အား သွား၍ ဆေးအမြစ်အချို့ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ယခုအခါ မိမိနေထိုင်သည့် တောင်အောက်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မိမိအား အရင်လိုပြေးကြိုမည့်ကလေးငယ်များအားလည်း မတွေ့ရတော့သလို၊ ပျားပန်းခတ်မျှလှုပ်ရှားနေသော လူထုကြီးအားလည်း မတွေ့ရတော့ပါ။

ကျင်းကျွင်းမြန်း သည် ထိုထူးဆန်းသည့်အခြေအနေကြောင့် မြို့ထဲသို့ ပို၍ဝင်ရောက်လာချိန်တွင် လမ်းတစ်ဖက်တစ်ချက်၌ တန်းစီကာ လှဲလျောင်းနေသော အသက်အရွယ်အမျိုးမျိုးသော လူများအားတွေ့လိုက်ရသည်။ရွာရဲ့ သဘောအကောင်းဆုံးအမယ်အိုကြီးရဲ့ဘေးတွင် သူ၏ချွေးမဖြစ်သူက ငိုကျွေးကာ မြည်တမ်းနေပြီး၊ငွေတိုးပေးစားသည့် အဘိုးအိုကို သူ၏သားက ကြမ်းတမ်းသောစကားများဖြင့် မြည်တွန်တောက်တီးလို့နေသည်။

သူ့အား အာရုံမရှိသေးသည့် လူများဘေးမှ ဖြတ်လျှောက်နေသော ကျွင်းမြန်း သည် ထိုလူများထံ၌ တူညီသော အနာစိမ်းများအားတွေ့လိုက်ရသည်။ခန္ဓာအနှံ့တွင် ပြည်တည်နေသောအနာများက များပြားစွာရှိနေပြီး၊အချို့သော သူများ၏အနာများမှ ပြည်ရည်များစီးကျနေပြီး၊လက်သည်းခွံခန့်ရှိသော ယင်မဲမဲကြီးများက နားလို့နေသည်။အချို့သောကလေးငယ်များက မျက်နှာထက်မှ ပြည်တည်နာကြီးများကို ကုတ်လို့နေပြီး၊ပေါက်ထွက်သွားချိန်တွင် ငိုကြွေးလို့နေသည်။

Listen Before I Go [Hiatus]Where stories live. Discover now