1.0

180 29 8
                                    

Unicode~

နိုင်ငံရဲ့ တောင်ပိုင်းနဲ့မြောက်ပိုင်းက ရာသီဥတုလွန်စွာကွဲပြားခြားနားလှသည်။တောင်ပိုင်းက
လေးရာသီအေးခဲနေတက်ပြီး နွေဦးနဲ့နွေရာသီဟာ နာမည်မှည့်ခြင်းသာ ခံရပြီး၊ အများဆုံးမှ အအေးဓာတ်လျော့ရုံသာ ၊ နေရောင်အား ဘယ်သောအခါမှ မမြင်ရပါ။မြောက်ပိုင်းသည် အပြစ်သားများ နယ်နှင်ဒဏ်ပေးရာအရပ်ရှိပြီး အလွန်ပူပြင်းသည်။သို့သော် ရာသီဥတု အနည်းငယ်မျှတသည်ဟု ဆိုနိုင်ပေမဲ့၊ သူသည်လည်း ခြောက်သွေ့ကာပူပြင်းပြီး သီးနှံဖြစ်ထွန်းမှုနည်းပါးသည်။

ပြတင်းတစ်ဖက်ကတိုးဝင်လာတဲ့ နွေဦးရဲ့လေပြေက ကြမ်းတမ်းကာပူလောင်လှသည်။
မျက်စိတစ်ဆုံးမြင်နေရတဲ့ စျေးလမ်းမထက်မှာ
ရုံးကန်လှုပ်ရှားနေတဲ့ ပြည်သူပြည်သားတွေက
ပူလောင်မှုအား မငဲ့ကွက်နိုင်ပဲတစ်နေ့တာစားဝတ်နေရေးအား လုပ်ဆောင်နေရသည်။မြောက်ပိုင်းသည် နိုင်ငံရဲ့အစွန်အဖျားနယ်စပ်ကလေးဖြစ်ပြီး ဧကရာဇ်နှင့်လက်လှမ်းမမှီသောကြောင့်
ပြည်သူပြည်သားများက နွမ်းပါးကာ၊ပြည့်စုံခြင်းမရှိကြပေ။ပိုင်လင်မြို့ကလေးသည် နိုင်ငံရဲ့ တရားမမျှတမှုတို့ ကိန်းဝပ်နေသော နေရာတစ်ခုဖြစ်သည်။

နှစ်ရက်တာ နားခိုပြီးနောက်တွင် ပါလာသည့် အိတ်တစ်လုံးကိုလွယ်ကာ တည်းခိုခဲ့သည့်အိပ်
ဆောင်လေးအား ထားရစ်ခဲ့ကာ၊ ပိုင်လင်မြို့မှ
စတင်ထွက်ခွာရန်ပြင်ဆင်ရတော့သည်။သူ၏အနောက်သို့လိုက်ပါလာသော မြင်းနှစ်ကောင်နှင့်ရာထူးကြီးမည် ထင်ရသော လူနှစ်ယောက်သည် အကြောင်းထူးတစ်စုံတစ်ရာ
ကြောင့် ပြန်သွားခဲ့ကြသည်။မြို့တော်က လာ
သော ထိုလူကြီးမင်းသည် သူ့အားလွမ်းဆွတ်နေသောအကြည့်များဖြင့် အမြဲတစေ ကြည့်တက်သည်။

ထိုလူကြီးမင်းအား သူမသိပါ။သို့သော် ထိုလူအား မြင်ရယုံနှင့်ပင် သူ၏နှလုံးသားက
အတိုင်းအဆမရှိနာကျင်လို့လာခဲ့သည်။"ဂျွန်
မြောင်...မင်း ကိုယ့်လက်ထဲကဘယ်တော့မှ မလွတ်မြောက်နိုင်ပါဘူး" ဆိုသော ခိုင်မာသည့်
နောက်ဆုံးစကားချန်ရစ်ကာ သူ၏အနားမှထွက်ခွာသွာသော ထိုလူအား သူ၏မသိစိတ်ထဲတွင်
ပြန်လည်မစုံစည်းချင်တော့ပါ။

Listen Before I Go [Hiatus]Where stories live. Discover now