1.2

97 14 6
                                    

Unicode~

"မင်းစိတ်ဆိုးလည်းခံပါ့မယ် ဂျွန်မြောင် ကိုယ့်ကို သူစိမ်းတရံကိုကြည့်တဲ့အခုလိုအကြည့်မျိုးနဲ့တော့မကြည့်လိုက်ပါနဲ့၊ကိုယ်ရင်နာရလွန်းလို့ပါကွာ.."

ရင်ခွင်ထဲကချစ်ရသူသည် ငြိမ်သက်နေသော်လည်း သူ့စကားအား လက်ခံကြောင်းမပြသခဲ့ပေ။

"လူကြီးမင်းကို တူညီတဲ့စကားပဲထပ်ပြောပါရစေ ၊ ဒီငယ်သားက လူကြီးမင်းခေါ်နေတဲ့ ဂျွန်မြောင်မဟုတ်ပါဘူး ကျေးဇူးပြုပြီး ဒီငယ်သားရဲ့စိတ်ခံစားချက်ကိုထောက်ထားလို့ အခုလိုအပြုအမူမျိုးကို ရုတ်သိမ်းလို့ပေးပါ.."

သူ၏မျက်ဝန်းမှမျက်ရည်ပူများစီးဆင်းလို့လာရသည်။သူကြားခဲ့ရတဲ့အတိုင်း သူ့ရဲ့ချစ်ရသူက အဆိပ်များသောက်သုံးခဲ့ရပြီးနောက် မှတ်ဥာဏ်များက ပျောက်ဆုံးသွားခဲ့ရသည်မှာ အမှန်ပင်ဖြစ်လိမ့်မည်။သူ တစ်ယောက်၏အသုံးမကျမှုကြောင့် ဂျွန်မြောင်သည် အရာအားလုံးအားစွန့်လွှတ်ခဲ့ရသည်။ယခုအခါတွင်တော့ သူနဲ့အတူရှိခဲ့ဖူးသည့် အတိတ်များကိုပင် အဆိပ်၏အကျိုးသက်ရောက်မှုကြောင့် မေ့ပျောက်သွားခဲ့ရပြီဖြစ်သည်။

သူ့ရဲ့မျက်ဝန်းများထဲတွင် နာကျင်ဝမ်းနည်းခြင်းနှင့် ယူကျုံးမရခြင်းတို့အပြင် စိတ်ပျက်အားငယ်ခြင်းများ ပြည့်နေခဲ့သည်။ သူ့ရဲ့ရင်ခွင်ထဲက ဂျွန်မြောင်အား ဖတ်ထားခြင်းမှ ဖယ်ရှားပေးလိုက်ပြီးနောက်တွင် ထိုသူရဲ့ ရေပြင်ကဲ့သို့တည်ငြိမ်နေသောမျက်ဝန်းများကို စိုက်ကြည့်ခဲ့မိသည်။

"ကိုယ့်အမှားတွေပဲမို့ ရှိပါစေတော့ရယ်လို့ နှလုံးမသွင်းနိုင်ဘူး၊မင်းကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ ကိုယ်ကြိုးစားလို့ ရနိုင်ကောင်းရဲ့လား ဂျွန်မြောင်.."

ဂျွန်မြောင်က သူ့ရဲ့ကိုယ်ကို အနောက်သို့ပိုလို့တိုးကာ ရဲရင့်ပြတ်သားတဲ့မျက်ဝန်းတစ်စုံဖြင့် သူ့အားမော့ကြည့်လို့လာသည်။သူက ထပ်ပြီးရှေ့တိုးလာကာ ဂျွန်မြောင်လက်တစ်ဖက်ကို ဖွဖွကလေးကိုင်လိုက်မိသည်။ရဲရင်သော ယောကျ်ားသားစစ်သည်တစ်ယောက်ဖြစ်ခဲ့သည်ကြောင့် ချစ်ရသူရဲ့လက်အစုံဟာ နူးညံ့မနေခဲ့ဖူးသော်လည်း ယခုအခါတွင်တော့ သူမြတ်နိုးရသည့်ထိုလက်တို့တွင် ဒဏ်ရာအဟောင်းများ များပြားစွာရှိနေခဲ့သည်။ထိုဒဏ်ရာများသည် မြောက်ပိုင်းအကျဥ်းထောင်တွင်ရရှိခဲ့သည့် ဒဏ်ရာဟောင်းများဖြစ်ပြီး၊ ထိုအမာရွတ်များက သူ့နှလုံးသားအားကွဲကြေစေရန်လုံလောက်ခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Oct 01, 2022 ⏰

Add this story to your Library to get notified about new parts!

Listen Before I Go [Hiatus]Where stories live. Discover now