မျိုးစေ့လေးတော့ ချခဲ့ပြီ

2.5K 171 9
                                    

(Unicode)

လယ်ကွင်းတွေကိုဖြတ်ပြီး စက်ဘီးကို မြန်မြန်နင်းတော့ လေအေးတွေက အရှိန်အဟုန်နဲ့ တိုးဝှေ့လာတယ်။တကိုယ်လုံးမှာ အကာအကွယ်မရှိ လွတ်နေတဲ့ တစ်ခုတည်းသောနေရာ ဘတ်ခ်ဟျွန်းမျက်နှာလည်း လေတိုးခံရပြီး ရေခဲတုံးလိုဖြစ်နေပြီ။

''အရေးကြီးတယ်ဆိုလည်း သူ့ဆိုင်ကယ်နဲ့ လာပင့်ပါလားလို့။ ဘယ်လိုကျောင်းအုပ်လဲမသိဘူး။ ဟား... မုန်းလိုက်တာကွာ!!!!''

အမျိုးမကင်းတဲ့ လေးလေးက ကျောင်းအုပ်ဆိုတဲ့ အာဏာကို တူလေးဖြစ်တဲ့ သူ့အပေါ်တောင် အလွဲသုံးစားလုပ်တယ်။ ကျောင်းပိတ်ရက်လေး နေဖင်ထိုးအောင် အိပ်မယ်အကြံဟာ လေးလေးရဲ့ ဖုန်း call ကြောင့် အကုန်ပျက်စီးသွားရော။
အိပ်ရာက ကုန်းရုန်းထပြီး အနွေးထည်ထူထူဝတ် ခြေအိတ်လက်အိတ်စွပ်လို့ အိမ်ကမထွက်ခင် မှန်တစ်ချက်ကြည့်၊ မြင်နေရတဲ့ သရေစီးကြောင်းသေးသေးလေးကိုတော့ ပြောင်သွားအောင် လက်နဲ့ဖိသုတ်ခဲ့တယ်။ အေးလွန်းတယ် မျက်နှာမသစ်​နိုင်ဘူး ဘယ်သူသိမှာကျလို့လေ။

လေကို ဆန်ပြီး စက်ဘီးနင်းရတာ အင်မတန်ပင်ပန်းတယ်။ အေးလိုက်တာလည်း တအားပါပဲ။
အားနဲ့မာန်နဲ့ ကုန်းနင်းနေတုန်းမှာပဲ ဘေးကနေ ကားတစ်စီး ဝေါခနဲ ဖြတ်မောင်းသွားတယ်။
အရှိန်ဘယ်လောက်ပြင်းလဲဆို သူ့ခေါင်းပေါ်က ဦးထုပ်တောင် ကားရဲ့အရှိန်နဲ့အတူ ပါသွားပြီး ရှေ့နားမှာပြုတ်ကျကျန်ခဲ့တယ်။
ဘတ်ခ်ဟျွန်းတို့ရွာမှာ ဒီလိုကားပိုင်တဲ့သူမရှိဘူး။ ဆိုတော့ ဒါ မြို့ကလူပဲ ဖြစ်မယ်။
ဒီလောက် အမြန်ကြီးမောင်းရလားလို့ သူတို့မြို့က လမ်းတွေလိုများမှတ်နေလားမသိဘူး။
စိတ်ဆိုးဆိုးနဲ့ သူ့မှာ ကားပေါ်ကလူ မြင်မြင်မမြင်မြင် လက်သီးတွေထောင်ပြမိရော။

ကားထဲကနေ လက်တစ်ဖက်ထွက်လာတယ်။ ပြီးတော့ ဝှေ့ယမ်းပြသွားတယ်။
သူ့လက်သီးကို မြင်ပြီး တမင် ပြောင်သွားတာပေါ့လေ။
မျက်နှာကိုမမြင်ရပေမဲ့ ဒီလောက်အကျင့်မကောင်းပုံမျိုးနဲ့ဆို ရုပ်ဆိုးဆိုးကြီးပဲဖြစ်ရမယ်။
အဲဒါကြောင့် ဖွားဖွားကပြောတာနေမှာ။
''မြို့က လူတွေက အကျင့်မကောင်းဘူး''တဲ့။

အချစ်ပန်းကလေးများ ဖူးပွင့်စေ ( Let Love Bloom)Where stories live. Discover now