ပန်းကလေးများ ဖူးပွင့်ပြီ (Final)

1.1K 127 16
                                    

(Unicode)

''အဲမှာ ရယ်ပြီး သေ''

''ဟောဗျာ''

နီရဲနေတဲ့ မျက်နှာလေးကြောင့် ဘတ်ခ်ဟျွန်း သူ့ကို တကယ်ကြီးစိတ်ဆိုးသွားကြောင်း သိလိုက်ပြီ။ ခေါင်းအုံးနဲ့ပစ်ပေါက်ပြီး ကျောပေးသွားပြီမို့ တော်တော်လေးချော့ရတော့မယ်ဆိုတာကိုပါ သဘောပေါက်လိုက်ပေမဲ့လို့ပေါ့... မျက်ပေတုံးလေးနဲ့ ပေစောင်းစောင်းလှည့်လှည့်ကြည့်လာမှတော့ ဘယ်နေနိုင်မတုန်း။

''မဖက်နဲ့...မဖက်ပါနဲ့ဆို''

ဒီလောက်အသည်းယားဖို့ကောင်းနေတာကို ဒီကောင်ကြီးက မဖက်ဘဲ နေနိုင်မလား။ ကိလေသာကုန်ခမ်းနေတဲ့ ကောင်မှမဟုတ်တာ။ အာလူးကို အလုံးလိုက် မမြိုချတာတောင် ကျေးဇူးတင်သင့်နေပြီ။

ရုန်းထိုးနေတဲ့ ဘတ်ခ်ဟျွန်း​ကို လွှတ်မပေးဘဲ လက်မောင်းကြားထဲ ချုပ်ကာ တိုးဖက်လိုက်ပြီး ရှင်းနေတဲ့ ဂုတ်သားအိအိလေးကို တတိတိကိုက်မိတော့...

''ပတ်ချန်ယော! သေချင်လို့လား''

လူကို ဒေါသသံကြီးနဲ့ ခြိမ်းခြောက်လာတာ။ အပြင်မှာ ဖွားဖွားရှိနေလို့သာပေါ့ မဟုတ်ရင် စူးနေအောင် အော်ခံထိမှာ။ ခြိမ်းခြောက်စကားနဲ့အတူ ဗိုက်နားကို လက်ချောင်းလေးတွေရောက်လာတယ်။ အော်မရတော့ အရှုံးပေး အညံ့ခံမယ်များမထင်နဲ့ ဗိုက်ကြောကို ပူခနဲနေအောင် လိမ်ဆွဲချတယ်။

''အ''

အဲကျတော့လည်း စိုးရိမ်သွားတဲ့ မျက်နှာလေးနဲ့ လှည့်လာပြီး အင်္ကျီစကိုလှန်လို့ ရဲတွတ်သွားတဲ့ သူ့ဗိုက်ကိုဖွဖွလေးထိကာ စိတ်မကောင်းဖြစ်နေရော။ နှာခေါင်းလေးက လုံးတုံးတုံး၊ စိတ်မကောင်းဟန် မျက်နှာငယ်လေးဖြစ်အောင် အပီအပြင် သရုပ်ဖော်ပေးနေတာက မျက်လုံးအစ်အစ်လေး။

''တကယ့်ကို အာလူးလေးပါကွာ''

သဘောတကျ အူတွေယားလွန်းလို့ ရယ်မိပြန်တော့ မျက်နှာငယ်လေးပျောက်သွားပြီး ချက်ချင်း မာန်ဖီတယ်။ ရဲတွတ်နေတဲ့ ဗိုက်ကို ထပ်ပြီးထိုးချတယ်။

''ခင်ဗျားနဲ့ ကျွန်တော်ပြတ်ပြီ''

''ဗြောင်ဘတ်ခ်ဟွန်း!!!''

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Nov 07, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

အချစ်ပန်းကလေးများ ဖူးပွင့်စေ ( Let Love Bloom)Nơi câu chuyện tồn tại. Hãy khám phá bây giờ