အိပ်ရာခင်းပေါ် လှဲချရင်း မျက်လုံးတို့က အလိုလိုပဲ သပ်ရပ်စွာခေါက်ထားတဲ့ ဘေးဘက်အိပ်ရာဆီ အကြည့်ရောက်တယ်။ ညစာစားပြီးချိန်ထိ ပတ်ချန်ယော ပြန်ရောက်မလာခဲ့သေးဘူး။ သူတို့အိမ်မှာ မနေနိုင်လို့ မြို့ပြန်ပြေးပြီများလား။ အထုပ်အပိုးတွေတောင် မသယ်နိုင်အောင် ပြန်ပြေးရလောက်သည်အထိတော့ သူ့အခန်းလေးက အခြေအနေမဆိုးလောက်သေးပါဘူး။
ဒီလိုမှန်းသိ ပတ်ချန်ယောဖို့ချန်ထားတဲ့ ကြက်ဥကြော်တစ်လုံးကို သူစားပစ်ပါတယ်။အစားများသွားတာမလို့ ပြည့်အင့်နေတဲ့ဗိုက်က မျက်ခွံတွေကိုပါ လေးလံစေပြီ။ ဖုန်းတောင်မပွတ်နိုင်ဘဲ အိပ်ပျော်သွားတော့တယ်။ အဲအချိန်ထိ ပတ်ချန်ယော ရောက်မလာခဲ့။
သူ တရေးနိုးတော့ အခန်းမီးက ပိတ်လျက်သား။ မီးခလုတ် ချောက်ခနဲ နှိပ်လိုက်သံကြောင့် နိုးသွားတာဖြစ်ကောင်းဖြစ်လိမ့်မယ်။
အိပ်မှုန်စုံမွှားနဲ့ နာရီဖွင့်ကြည့်တော့ မနက် ၁နာရီ။''ပြန်အိပ် ပြန်အိပ်''ဆိုတဲ့ အသံရဲ့နောက်မှာ ကလေးတွေကိုချော့သိပ်သလို ကျွတ်..ကျွတ်..ကျွတ်က ကပ်ပါလာသေးတယ်။
ဖွားဖွားများလား... ဘယ်တုန်းက ယောက်ျားကြီးလို အသံသြသွားပါလိမ့်။
မျက်လုံးတွေကို မနည်းအားယူပြီး ပြန်ဖွင့်ကြည့်တော့ ပတ်ချန်ယောဖြစ်နေကြောင်း ခြံထဲက လာတဲ့ အလင်းရောင်မှိန်ပျပျအကူနဲ့ မြင်လိုက်ရတယ်။ ဆံပင်အဖျားမှာ ခိုနေတဲ့ ရေစက်ကလေးက ပေါက်ခနဲပြုတ်ကျသွားတယ်။ မျက်နှာသစ်ထားပုံနဲ့ ဒီလူ ခုချိန်ကြီးမှ ပြန်လာတာလား။
''ကျွတ်.. ကျွတ်.. ကျွတ်''
ဒီတစ်ခါတော့ အသံနဲ့အတူ သူ့ခေါင်းပါ ခပ်ဖွဖွပွတ်သပ်ခံလိုက်ရတယ်။
Pee Mak ကားထဲက သရဲမလိုပဲ ပတ်ချန်ယော လက်ကြီးတွေ ရှည်ထွက်လာတာလား။
အာ .. တစ်ဖက်အိပ်ရာနဲ့ သူ့အိပ်ရာ လူတကိုယ်စာပဲ ဝေးတာကို မေ့သွားတာ။
သူ့ကို ကလေးလို လာလုပ်နေတာ မကြိုက်ပေမဲ့
လူက အိပ်ချင်စိတ်ကပိုနေတော့ ဘာမှကိုမဆိုနိုင်ဘူး။ပတ်ချန်ယောရဲ့ ချော့သိပ်မှုအောက်မှာ ပြန်အိပ်ပျော်သွားပါတယ်။
ESTÁS LEYENDO
အချစ်ပန်းကလေးများ ဖူးပွင့်စေ ( Let Love Bloom)
Fanficfiction cover photo crd to original artist