(Part 3)

2.7K 147 8
                                    

(zawgyi)

(part 3)

ဘာလိုလိုနဲ့ အေးချမ်းသာရွာကိုရောက်တာ တစ်ပါတ်တောင်ရှိသွားပြီဒီရက်တွေအတွင်းမှာ သစ္စာတည် ရွာထဲကသူငယ်ချင်းတွေနဲ့တွေ့ရင်တွေ့ မတွေရင်အိမ်မှာ စာဖက်ဖြစ်သည်။ဒီနေ့ရက်တွေက အေးချမ်းပါ၏။

မနက်ဖြန်ဆိုရင် ရန်ကုန်ကိုပြန်ရတော့မယ် ရွာမှာရှိတဲ့သူငယ်ချင်းတွေနဲ့လည်းခွဲရတော့မှာမို့ သစ္စာတည်လည်းမပျော်ပါ။ဇာတိလည်းဖြစ်သလို ဒီရွာမှာရှိတဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေက ကျွန်တော့ကိုဆိုအရမ်းခင်မင်ကြတာ အထူးသဖြင့် မိုးသားကောင်းကင် ဆိုတဲ့ ကျွန်တော့်ငယ်သူငယ်ချင်းကောင်းကင်ပေါ့ ကျွန်တော် ရန်ကုန်ပြန်ရတော့မှာကိုသိတော့ မခွဲချင်ဖြစ်နေတာပေ။ကောင်းကင်မျက်နှာ ကတည်နေပေမဲ့ သူ့မျက်လုံးတွေကတော့ မပြန်ဖို့တားနေတာပင်။

အေးချမ်းသာရွာက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကြပြီး အဓိက ကတော့ဆန်စပါးစိုက်ကြတာပေါ့။ကောင်းကင်ဖေဖေကလည်း ဆန်ကုန်သည်ဖြစ်သည့်အလျှောက် ပိုက်ဆံချမ်းသာကြပါ၏။ကောင်းကင်ကတော့ အေးချမ်းခြင်းကို ကြိုက်နှစ်သက်သောကြောင့် ဆူညံပြီးလူဦးရေများတဲ့ရန်ကုန်ထက် ရွာနဲ့အလှမ်းသိပ်မဝေးတဲ့မြိုကတက္ကသိုလ်မှာ ကျောင်းဆက်တက်ဖြစ်သူပါ။

ကောင်းကင်က ရုပ်လည်းချောသလို သဘောကောင်းပြီး အေးအေးချမ်းချမ်းနေတက်သူဖြစ်သည်။ ငယ်သူငယ်ချင်းတွေ တွေ့မှသာ ရင်းရင်းနှီးနှီးနေတက်ပြီး တွယ်တာတက်သည်။ မနက်ဖြန်ပြန်မဲ့အကြောင်းပြောတော့ ညိုးသွားတဲ့မျက်နှာလေးဖြင့် ရွာမှာကျန်ခဲ့တဲ့မေမေနဲ့ညီမလေးကို သူစောင့်ရှောက်ပေးပါမည် ဟူသောကတိကိုပေးလာသည်။အေးချမ်းသာရွာလေးက နာမည်အတိုင်းအေးချမ်းပြီး မကောင်းကြံမည့်သူတွေမရှိတာကိုသိပေမဲ့ ကောင်းကင်ရဲ့စကားကြောင့် နောက်ဆံမတင်းဘဲ ရန်ကုန်ကိုပြန်ဖို့အတွက်အားဖြစ်စေပါသည်။

စကားတစ်ခွန်းကိုလွယ်လွယ်မပြောတက်တဲ့ ကောင်းကင်ရဲ့ကတိစကားကို ကျွန်တော်ယုံကြည်ပါသည်။

ရန်ကုန်ကိုပြန်မည့်နေ့

မေမေကိုခရီးမသွားမှီ ဦး သုံးကြိမ်ချပြီး ရှိခိုးကန်တော့ခဲ့ပါသည်။
မေမေ့ကျန်းမာရေးကိုလည်းစိတ်ပူရသဖြင့် မှာရသည်မှာအကြိမ်ကြိမ် ။
မေတ္တာလေးကို စာသေချာလုပ်ဖို့မှာခဲ့သေးသည်။ကောင်းကင်ကိုမေတ္တာလေးအတွက် စာပြပေးဖို့အကူအညီတောင်းထားသဖြင့် ဒီဆယ်တန်းကိုထူးထူးချွန်ချွန်နဲ့အောင်မည် ဆိုတာအတက်သိပါသည်။မေတ္တာလေး ကိုသူ့ညီမအရင်းလိုသဘောထားပေးတဲ့ ကောင်းကင်ကစကားနည်တာလွဲလို့ အရာရာမှာတော်ပါသည်။

ဦးဂုဏ်၏ ချစ်သည်းသက်ညှာWhere stories live. Discover now