(Part12)

2.1K 109 2
                                    

( zawgyi)

(Part12)
ဒီနေ့ကကစနေနေ့လေးလည်းဖြစ်သလို နေ့သာပြီးသာယာတဲ့မနက်ခင်းမှာ ဂုဏ်အားအင်အသစ်တွေဖြင့်တက်ကြွစွာနိုးထလာသည်။
ဒီနေ့မနက်ခင်း အချိန်အားဖြင့်၇နာရီ ဂုဏ်အိပ်ယာကထပြီးပထမဆုံးအတွေးထဲပေါ်လာတာက ချာတိတ်နဲ့ဘုရားသွားဖို့ကိစ္စ။

ကြည့်ရတာမနေ့ညကမအိပ်ခင်ထိ ဒီအကြောင်းကိုစဉ်းစားခဲ့တာကြောင့်အခုလို အတွေးထဲပထမဆုံးပေါ်လာဖြစ်မည်။
ပြီးတော့ဂုဏ်လည်း ဒီနေ့အားလပ်ရပ်ရတဲ့အတွက် အပန်းဖြေလျှောက်လည်ဖို့ အားအင်တွေပြည့်ဝနေတာဟု ဖြည့်တွေးမိပါသည်။

ဂုဏ်ရေချိုးခန်းထဲမှာရေချိုးပြီး ခါးမှာတဘက်တစ်ထည်ပတ်ကာထွက်လာခဲ့သည်။ရေစက်တွေကရင်အုပ်ကြွက်သားမှတစ်ဆင့်အမြှောင်းမြှောင်းပေါ်နေတဲ့ဗိုက်ကြွက်သားပေါ်ကိုတဖြည်းဖြည်းစီးကျနေသည်မှာ ရင်သက်ရှုမောဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုလို။အသားဖွေးတဲ့ဂုဏ်ကအားကစားလည်းလိုက်စားတာကြောင့် ကြွက်သားတွေအပြည့်ဖြင့်ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသဖြင့် ဂုဏ်ကိုတွေ့တဲ့မိန်းခလေးတိုင်းကနှစ်ခါပြန်ငေးတက်ကြစမြဲ။

တစ်ခါတစ်လေဆိုအဲ့ဒီလိုအကြည့်ကြောင့်စိတ်ရှုပ်ရပေမဲ့ တစ်စုံတစ်ယောက်ရဲ့အားကျတဲ့အကြည့်တွေကြောင့် ဂုဏ်ကိုယ့်ခန္ဓာကိုယ်ကိုဂုဏ်ယူမိတဲ့ပထမဦးဆုံးအကြိမ်ဆိုလည်းမမှား။

ဂုဏ်ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေမိသည်။ဘာကိုမှလိုချင်တက်မက်ခြင်းမရှိတဲ့ကောင်လေးက ဆေးရုံမှာရေပတ်တိုက်ပေးရင်း ဂုဏ်ကိုအားကျတဲ့မျက်လုံးရွှဲကြီးတွေနဲ့ကြည့်တဲ့မြင်ကွင်းကိုမေ့ပစ်လိုမရပေ။ ဒီလိုယောက်ျားပီသတဲ့ဂုဏ်ခန္ဓာကိုယ်ကိုတော့အားကျနေတာကြောင့် ဂုဏ်ပိုပြီးပျော်ရွှင်ရပါသည်။

ဂုဏ်အတွေးတို့ကိုလက်စသက်ခါ မင်္ဂလာရှိတဲ့နံနက်ခင်းတွင် အဝတ်စားဝတ်ဆင်ပြီး အောက်ထက်မဆင်းခင်ခေါင်းကိုသေသေချာချာဖီးလိမ်းပြီး မစွပ်တာကြာပြီဖြစ်တဲ့ရေမွှေးကိုတစ်ချက်နှစ်ချက်စွပ်ဖြန်းလိုက်သည် အားလုံးပြင်ဆင်ပြီးစိတ်ကျေနပ်တာနဲ့အောက်ထပ်ဆင်းလာခဲ့သည်။

ဦးဂုဏ်၏ ချစ်သည်းသက်ညှာWhere stories live. Discover now