(Part19)

1.7K 87 2
                                    

zawgyi

လေဆိပ်သွားတဲ့လမ်းတစ်လျှောက်ဝယ် အနက်ရောင်ကားလေးသည် ပြေးလွှားနေ၏။မယ်မယ်တို့က ၈ရက်နေ့လာမည်ဆိုပြီး နောက်နှစ်ရက်လောက်မှ လာမည်ဟု ရက်ပြောင်းသွားတာကြောင့် ဂုဏ်နဲ့ချစ်သည်းတို့သွား ကြိုကြမည့်လမ်းသို့ရောက် နေကြခြင်းဖြစ်သည်။

"ချစ်သည်း ဘာဖြစ်လို့လည်း နေမကောင်းဘူးလား "

ဂုဏ်ကြည့်နေရင်း သိပ်လန်းပုံမရတဲ့ ကောင်လေးကခါင်းခါပြီး ပြန်ဖြေလာ၏။ဘာမှမဖြစ်ဘူး ပြောနေပေမဲ့လည်းလည်း ဂုဏ်စိတ်မချရဲ ။

"ဘာမှမဖြစ်ပါဘူးဦးဂုဏ် ကျွန်တော်ခေါင်းနည်းနည်းမူးနေလို့ပါ "

စိတ်ပူနေတာကြောင့် ကောင်လေးနဖူးကို အသာစမ်းကြည့်လိုက်ပြီး ကိုယ်အပူချိန်က သာမာန်ဖြစ်နေမှ စိတ်အေးရသည်။အခုတလော ချစ်သည်းလေးကို ကြည့်ရတာ သိပ်အားမရချေ။ အရင်ကထက်ပိုပြီး မျက်နာလေးက ဖျော့လာသည်။

"မကြာခင်လေဆိပ်ကိုရောက်တော့မှာ ချစ်သည်း နေလို့မကောင်းရင် အပြန်ကျဆေးခန်းဝင်ရအောင် သွားမယ်မလား "

"ရပါတယ်ဗျ ခေါင်းနည်းနည်းပဲမူးတာပါ ဆေးခန်းမသွားလည်းရပါတယ် ခနနေရင်သက်သာသွားပါလိမ့်မယ် ဦးဂုဏ်မစိုးရိမ်ပါနဲ့ဗျ"

နဖူးပေါ်ကဦးဂုဏ်ရဲ့လက်ဖဝါး အပူချိန်ကိုပါခံစား လိုက်ရသော်လည်း သစ္စာတည်က အနှောက်အယှက်ဖြစ်ဟန်မပြ လိမ်လိမ်မာမာနှင့် ဦးဂုဏ်ပြုသမျှ နာခံနေ၏။

ဒီနေ့မှ သစ္စာတည်လည်း ခေါင်းသိပ်မကြည်ဖြစ်လို့ နေသည်။မနေ့ညက အတွေးများပြီးနှောက်ကျမှအိပ်မိတဲ့ အကျိုးဆက်တွေပင် ဖြစ်ပေလိမ့်မည်။

"ဆေးခန်းမသွားချင်ရင်လည်း အခုတော့ ခနမှိန်းနေလိုက်အုံး ဟိုရောက်ရင်ကိုယ်နှိုးလိုက်မယ် "

"ဟုတ်ကဲ့ဦးဂုဏ်''

ဂုဏ်ဘေးက lover seatမှာ မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ကောင်လေးကိုကြည့်ပြီး ဂုဏ်ရေဒီအသံကို လျော့လိုက်သည် ပိတ်တော့ မပိတ်ပစ်မိချေ။ သီချင်းအေးအေး လေးလာနေတာကြောင့် ကောင်လေးနားထောင်ရအောင် ဖွင့်ထားလိုက်သည်။

ဦးဂုဏ်၏ ချစ်သည်းသက်ညှာWhere stories live. Discover now