Unicode
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
[တိတ်တဆိတ် စတင်ကာ တိတ်တဆိတ် ပြီးဆုံးသည်။]
ထိုညတွင် စုယန်သည် အိပ်မပျော်ခြင်းကို ခံစားရပြန်သည်။
ဤလောကသို့ သူရောက်လာပြီးကတည်းက ဗရုတ်သုတ်ခ ခံစားရခြင်းအပြင် အိပ်မက်မြေကို အမြန်ဝင်ရောက်နိုင်စေရန် ကူညီပေးသည့် ဝမ်းနည်းမှုများကြောင့် ပထမသုံးရက် လောက်သာ သူ့ကိုယ်သူ အိပ်စက်ခြင်း၌ နစ်မြှုပ်နိုင်ခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်းမှ ထွက်သွားပြီးနောက် နှစ်ညတွင် ကောင်းကင်ပြာ မလင်းမချင်း အိပ်မပျော်ခြင်း ဝေဒနာကို ခံစားခဲ့ရလေသည်။
တိတ်ဆိတ်သောညများသည် လူများ၏အတွေးများကို လွယ်လွယ်ကူကူ ပျံ့လွင့်စေသည်။ သဘာဝအတိုင်း စိတ်ပူတတ်သူတစ်ယောက်ဖြစ်သည့် စုယန်သည် ထိုကဲ့သို့ ရှင်းမပြနိုင်သော ကသောင်းကနင်းဖြစ်မှုများကို ကြုံတွေ့ရတဲ့အခါ မလွဲမသွေ စိတ်ဒုက္ခရောက်မည် ဖြစ်သည်။
ရှေးခေတ်လူတိုင်းနီးပါးသည် နေဝင်ချိန်၌ အနားယူကြပြီး ည ၉ နာရီတွင် နောက်ဆုံး အိပ်စက်ကြမည် ဖြစ်သည်။ ခေတ်သစ်ကမ္ဘာတွင် ဤအချိန်သည် ညဥ့်ဘဝစတင်ချိန် ဖြစ်သောကြောင့် စုယန်အတွက် ကျင့်သားမရသေးသည်မှာ ပုံမှန်ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော ညဇီးကွက်အလေ့အထမျိုးကို အချိန်တိုအတွင်း ဖျောက်ပစ်လို့မရကြောင်းကိုလည်း သူသိသည်။
ကုတင်စွန်းမှ ဖန်ရှီ၏ဟောက်သံကို နားထောင်ရင်း စုယန်သည် ကုတင်ပေါ်မှဆင်းရန် ထလိုက်၏။ သူ့အိတ်ထဲရှိ လက်စွဲ စာအုပ်လေးကို အမှောင်ထဲ၌ ငုံ့ရှာကာ ထုတ်လိုက်ပြီး တံခါးအပြင်ဘက်သို့ တိတ်တိတ်လေး ထွက်သွားလိုက်သည်။
ခြံဝင်းသည် တိတ်ဆိတ်နေပြီး တံခါးနားမှ အဘိုးအိုသည်လည်း အနားယူရန် သူ့အခန်းသို့ ပြန်သွားပြီးဖြစ်သည်။ စုယန်သည် တောက်ပနေသော လမင်းကြီး၊ ကြီးမားကျယ်ပြန့်သော ကောင်းကင်ရှိ ကြယ်များနှင့်အတူ ကမ္ဘာပေါ်တွင် တစ်ယောက်တည်း အသက်ရှင်နေရသကဲ့သို့ပင်။
YOU ARE READING
ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I do not own any part of this novel. I am just a translator translated into Burmese. All credit goes t...