Unicode
အတွဲ-၂ လေထဲ၌ တွဲလျားကျနေသော ပင်လုံးကြိုင်ပန်းဖူးလေးများ။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
[အနွေးစောင်ထဲမှ အမွှေးနံ့သာ...]
သုံးရက်အကြာတွင် စုယန်သည် မေ့ရှစ်စန်းနှင့်အတူ မြေရိုင်းလွင်ပြင်ရှိ မိစ္ဆာဂိုဏ်းသို့ ပြန်သွားခဲ့လေသည်။
စုယန် စတင်ကူးပြောင်းလာစဉ်က မိစ္ဆာဂိုဏ်း၌ ရှိနေခဲ့သော်လည်း သူသည် အလွန်စိတ်ဓာတ်ကျကာ စိတ်ရှုပ်ထွေးနေပြီး ထိုနေရာ မည်သို့မည်ပုံဖြစ်သည်ကို မှတ်ထားရန်အချိန်မရှိခဲ့ပေ။ ယခု သူသည် ကျောက်စိမ်း အိမ်တော်မှ ပညာသင်ယူပြီးမြောက်ပြီးဖြစ်၍ သူ၏ စိတ်အခြေအနေသည်လည်း ပြောင်းလဲသွားလေရာ မိစ္ဆာဂိုဏ်း၌ အေးအေးဆေးဆေး လည်ပတ်ကြည့်ရှုရန် စိတ်ကူးရှိလေသည်။
ဟုတ်တယ်။ လည်ပတ်ကြည့်ရှုခြင်းဆိုတဲ့ အသုံးအနှုန်းက လုံးဝမလွန်ဘူး။
မိစ္ဆာဂိုဏ်း၏ ဌာနချုပ်သည် မြေရိုင်းလွင်ပြင် လွင်တီးခေါင်ရှိ ကွဲအက်ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိသည်။ ရှုခင်းမှာလည်း ခမ်းနားလှပပြီး ကျောက်စိမ်းအိမ်တော်အောက် မနိမ့်ပါချေ။ ချိုင့်ဝှမ်းသည် နက်ရှိုင်းပြီး ၎င်းကို လေတိုက်စား ခံထားရသော မြေပုံစံကြီးများဖြင့် ဝန်းရံထားသည်။ ထိုမြေရိုင်းလွင်ပြင်အား လူအများက 'နတ်ဆိုးမြို့တော်' ဟု ခေါ်တွင်ကြလေ၏။ မိစ္ဆာဂိုဏ်း၏ အထူးသင်္ကေတ များကိုမသိဘဲ အပြင်လူများအတွက် နတ်ဆိုး မြို့တော်၏ သီးခြားတည်နေရာကို ရှာဖွေရန် အလွန်ခက်ခဲပေသည်။ သူတို့သည် သဲကန္တာရထဲတွင်သာ ပိတ်မိနေပြီး ငတ်မွတ်ခေါင်းပါးခြင်းကြောင့် သေဆုံးကြရပေလိမ့်မည်။
မိစ္ဆာဂိုဏ်း၏ ချိုင့်ဝှမ်းကြီးထဲတွင် နက်ပြာရောင် ရေကန်ကြီးတစ်ကန် တည်ရှိပြီး ယင်းရေကန်ထဲတွင် တောင်မြင့်ကျွန်းနှစ်ကျွန်း ရှိလေ၏။ မိစ္ဆာဂိုဏ်း၏ အဆောက်အဦးများသည် ကျွန်းများအပေါ်နှင့် ပတ်ပတ်လည်ရှိ ချောက်ကမ်းပါးနံရံများတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ကြိုးတံတားများဖြင့် ဆက်သွယ်ထားသည်။ ဤမြင်ကွင်းသည် အလွန်တရာမှ ရှုပ်ထွေးလှပြီး ကြည့်ရှုသူအား အံ့ဩမှင်တက်သွားစေ နိုင်ပေသည်။
YOU ARE READING
ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)
Historical FictionBoth Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO0- 120 chapters+ 2 extras (Completed) I do not own any part of this novel. I am just a translator translated into Burmese. All credit goes t...