(7)🧡

1K 88 48
                                    

Unicode

နောက်တစ်ပတ်ထဲ အန်ကယ်ကြီးလာမည်ဆိုတဲ့သတင်းကို အောက်ထပ်
ကအလုပ်သမားတွေပြောနေတာကိုဂျောင်ဆူးကြားပြီးတည်းက တမှိုင်မှိုင်ဖြစ်နေသည်မှာ ဦးပြန်လာသည်ထိပင်

"ထမင်းစားမကောင်းဘူးလား ဂျောင်ဆူး"

"မဟုတ်ပါဘူး ဦးရဲ့"

"ထမင်းကအရာကိုမယွင်းဘူး အဲ့တာကိုကုန်အောင်စား နေပြန်ကောင်းတာမှမကြာသေးဘူး အာဟာရရှိအောင်စားရမယ်လေ"

"ဟုတ် ဦး"

ထမင်းစားနေတဲ့တစ်လျှောက်လုံး ဂျောင်ဆူး စိတ်မပျော်တာဦးက သိနေသည်ထင် ထမင်းစားပြီးတာနဲ့ စာကြည့်ခန်းထဲ လိုက်ခဲ့ဖို့ပြောသည်
ဦးမေးလို့ အန်ကယ်လ်ကြီး လာမှာမို့ မပျော်ဘူးပြောရင် ဦးစိတ်မကောင်းများဖြစ်မလား ဂျောင်ဆူးအတွေးတွေနဲ့ ဦးရှေ့ပင်ရောက်နေလေပြီ

"ဂျောင်ဆူး ဦးလေးလီကလည်းပြောတယ် တာဝန်ခံဂျိုကလည်းပြောတယ် ကျောင်းကပြန်ရောက်ရောက်ချင်းတုန်းကအကောင်း အပေါ်ထပ်ကဆင်းလာပြီးတည်းက မျက်နှာမလန်းတော့တာတဲ့ ပြောပါအုန်း ကိုယ့်ကိုဘာတွေစိတ်ညစ်စရာရှိနေလို့လဲ"

"မရှိပါဘူး"

"ဂျောင်ဆူး မင်းကိုကိုယ်ငယ်ငယ်လေးတည်းကထိန်းကျောင်းလာတာနော်
လိမ်တာနဲ့မျက်နှာမှာပေါ်တယ် ကဲ ပွင့်ပွင့်လင်းလင်းနဲ့အမှန်တိုင်းပြော"

"ဟို နောက်တစ်ပတ်ထဲ အန်ကယ်လ်ကြီးလာမှာဆို "

"ဘယ်သူပြောလဲ"

"ဒီတိုင်းဂျောင်ဆူးကြားတာပါ"

"ဟုတ်တယ် ဒယ်ဒီလာမှာ ဒါကြောင့် မလန်းတာလား ဒယ်ဒီ့ကိုကြောက်တုန်းလား ဂျောင်ဆူး မင်းက ကိုယ့်ရဲ့လူ ဒယ်ဒီအပိုင်မဟုတ်ဘူး မင်းက
ကိုယ့်ကိုပဲကြောကိနေရမှာ"

"အန်ကယ်လ်ကြီးက အမြဲ ဦးကိုဂျောင်ဆူးနဲ့ရှိမနေစေချင်ဘူးလေ"

"ဘာမှစိတ်ပူစရာမလိုဘူးဂျောင်ဆူး ကဲထားပါတော့ အဲ့အတွက်လည်းအားလုံစီစဥ်ထားတယ် လာမဲ့ပိတ်ရက်ကနေပြီးဒယ်ဒီပြန်တဲ့ထိကျောင်းမှာခွင့်တိုင်ပေးထားတယ် ဇာတိကအိမ်မှာခဏအပန်းဖြေအနေနဲ့သွားနေရအောင် သူငယ်ချင်းတွေပါခေါ်ချင်ရင်လည်းခေါ်ခဲ့ပေါ့"

My Everything is "U "Where stories live. Discover now