Unicodeတစ်ပတ်တိတိရှိခဲ့ပြီ ဦးကသူ့ကိုစကားမပြောပဲနေတာ မေးထူးခေါ်ပြောလောက်ပဲရှိပြီးအရင်လိုရင်းနှီးမှုတွေမရှိတော့ တစ်ပတ်လုံးဦးရဲ့စည်းကမ်းအတိုင်းနေပေမယ့် ဦးက
ဒီတစ်ခေါက်ကိစ္စမှာ သူကိုအတော်လေးစိတ်ကုန်သွားခဲ့ပုံရသည်
ဒီနေ့လည်းအရင်နေ့တွေလိုပဲ ဦးအိမ်ပြန်နောက်ကျနေပြန်ပါသည်"အကိုလေး ထမင်းစားပါတော့လား အကိုလေး နေ့တိုင်းထမင်းစားနောက်ကျနေတာ နေ့လည်တွေလည်းသိပ်မစားဘူး အကိုလေးမစားရင် သခင်လေးကိုပြန်တိုင်ရလိမ့်မယ်"
"ဦးလေးလီ ဦးက ဂျောင်ဆူးကို မချစ်တော့ဘူးထင်ပါတယ် သူစိတ်ကုန်နေပြီထင်ပါတယ် ဦးပြောသလို ဦးနဲ့ခွဲနေလိုက်တော့မယ် ဦး အဲ့တာမှမပင်ပန်းမှာ"
"အကိုလေးရယ်လျှောက်မတွေးနဲ့ သခင်လေး အကိုလေးကိုစိတ်ဆိုးနေတုန်းမို့ ပါ နောက် စိတ်ပြေရင်အရင်လိုပြန်ဖြစ်မှာ အကိုလေးဘာမှလျှောက်မတွေးနဲ့နော် အခုထမင်းစားရအောင် သခင်လေးကအလုပ်များနေတော့ ဟိုမှာစားခဲ့မယ်ထင်တယ် အကိုလေးပဲအရင်စားထားရမယ်နော်လာ"
အကိုလေးကိုချော့ မော့ကာ ထမင်းစားခန်းခေါ်သွားပြီး အစားများများဝင်အောင်ကျွေးပေမယ့် အကိုလေး အရင်ကလိုမျက်နှာလေးလန်းပြီး ရယ်ပြီးမပြုံးတာ အတော်ကြာနေပြီ
"အကိုလေး အားဆေးသောက်ရမယ်နော်ပြီးရင်"
"ဟုတ်"
အိမ်ရှေ့က ကားသံကြားတာနဲ့ဂျောင်ဆူးသောက်နေတဲ့နွားနို့ခွက်လေးကို အကုန်ကုန်အောင်မော့သောက်ပြီးဦးကိုသွားကြိုဖို့ပြေးလာလိုက်သည်
"ဦး ပြန်လာပြီလား"
"အင်း "
"ပင်ပန်းလာပြီလား"
"နည်းနည်းပါ "
"ဦးအိတ်ပေးလေ ဂျောင်ဆူးသယ်သွားပေးမယ်"
"ရတယ် နားလိုက်တော့လေ ညနက်တော့မယ်"
ဦးက သူကိုထိုမျှလောက်သာပြောပြီး အပေါ်တက်သွားတာကြောင့် ဂျောင်ဆူးဝမ်းနည်းစွာပင် ဦးနောက်ကအသာလေးလိုက်လာလိုက်သည်
YOU ARE READING
My Everything is "U "
Fanfictionပေါက်ရလေးဆယ်ပါပဲ😁 Punish & love ပုံစံပါ ကြိုက်ရင်ဖတ်ပါမကြိုက်ရင်လည်းမဖတ်နဲ့ပေါ့နော်🤭