Unicode
ဦးလေးလီတို့ မရမကချော့မော့ပြန်ခေါ်ခဲ့လို့ အိမ်ရောက်လာပေမယ့်သူကို ကြည့်တောင်မကြည့်သည့်ဦးအား သူဘယ်ကစပြီး ခေါ်ပြောရမှန်းမသိ ဦးသူ့ကိုစိတ်ဆိုးနေသလို သူကလည်းဦးကိုစိတ်ဆိုးမိပါသည်
"အကိုလေး ထမင်းလေးစားလိုက်နော် ဒဏ်ရာတွေသေချာသက်သာအောင်လို့ Doctorကိုခေါ်ပေးထားပါတယ်"
"ဦးရော"
"သခင်လေးက သူ့စာကြည့်ခန်းမှာပါ"
"ဦးလေးလီ ဂျောင်ဆူး ကအရမ်းဆိုးနေလို့လား ဦးက ဂျောင်ဆူးကိုကာကွယ်ပေးသလိုမျိုး ဟင့် ဂျောင်ဆူးက လည်းဦးကို ကာကွယ်ပေးချင်လို့ သူများပြောတာမခံနိုင်လို့ ဟင့် ရန်ဖြစ်မိတာပါ"
"အကိုလေးရယ် မငိုပါနဲ့ သခင်လေးကလည်း အကိုလေးရန်ဖြစ်တာမကြိုက်လို့ပါ သခင်လေးဆီသွားပြီး ပြသာနာအကျိုးအကြောင်းကိုရှင်းပြလိုက်ရင်အဆင်ပြေမှာပါ အခုတော့အကိုလေးမျက်နှာကဒဏ်ရာတွေကိုအရင်ဆုံး မရောင်အောင်လုပ်ရမယ် ဒဏ်ရာတွေမြင်ရင်သခင်လေးပိုစိတ်တိုလိမ့်မယ်"
သူ့ကိုဖက်ပြီးငိုနေတဲ့အကိုလေးကိုချော့မော့ကာပြောပေမယ့် အကိုလေး တအားငိုနေတော့ ချော့ရခက်သည်
"ဒေါက်တာမွန်းလာပြီ"
"ဘယ်လိုလဲ လူဆိုးလေး အပြစ်လုပ်ပြီးငိုနေတာလား"
ဒေါက်တာမွန်းကစလိုက်ပေမယ့် မရယ်နိုင်ရှာသူကဂျောင်ဆူး
"မျက်နှာအရောင်ကျအောင် လုပ်ပေးပါဒေါက်တာ"
"မပူပါနဲ့ကွာ မင်း ဦးက ကြာကြာစိတ်မဆိုးနိုင်ဘူး မင်းကိုဆိုချစ်တာတုန်လို့"
"ဦး က ဂျောင်ဆူးကိုတကယ်စိတ်ဆိုးနေတာ ဒေါက်တာမွန်းရဲ့ ဟင့်"
"မင်းလေးကလည်းမဆိုးနဲ့ပေါ့ကွာ သူကစိတ်ကြီးရင်သိတဲ့အတိုင်းပဲ"
ဒေါက်တာမွန်းက အကုန်ဆေးလိမ်းဆေးထည့်ပေးပြီးတာနဲ့
"မင်း ဦးကို ဝင်တွေ့လိုက်အုန်းမယ် ဂျောင်ဆူး "
"ဟုတ် ဒေါက်တာ"
ဦး က ဒေါက်တာ မွန်းနဲ့ ကျစကားတွေဖောင်ဖွဲ့ကာပြောနေပြီး
ဂျောင်ဆူး လာတာမြင်တာနဲ့အခန်းထဲဝင်ကာ တံခါးအားလော့ချပစ်လိုက်သည် တတ်နိုင်သလောက်အားတင်းကာ ဦးကိုသူကြာကြာစိတ်မဆိုးမိပဲ သူဘက်ကပဲအရင်စကာတောင်းပန်စကားဆိုဖို့လုပ်ရသည်
YOU ARE READING
My Everything is "U "
Fanfictionပေါက်ရလေးဆယ်ပါပဲ😁 Punish & love ပုံစံပါ ကြိုက်ရင်ဖတ်ပါမကြိုက်ရင်လည်းမဖတ်နဲ့ပေါ့နော်🤭