Intro

2.4K 125 9
                                    

"Daddy"

"ဗျာ"

"သားကတကယ် ပါးပါးနဲ့တူတာလားဟင်
ဖွားကလေ သားကိုတွေ့တိုင်း ပါးပါးကိုသတိရတယ်ဆိုပီး ငိုပဲငိုနေတာ ဒယ်ဒီ"

"အင်း သားက ပါးပါးနဲ့တူတာပေါ့ ဟော့ဒီလက်ချောင်းသေးသေးလေးတွေရယ် ဒီချစ်စရာကောင်းတဲ့ ပါးဖောင်းဖောင်းလေးတွေက သားရဲ့ ပါးပါးနဲ့ တစ်ထပ်တည်းပဲကို"

"ဒါဆို ပါးပါးမှာလဲ သားလို ချစ်စရာကောင်းတဲ့ လက်ချောင်းလေးတွေနဲ့ ပါးဖောင်းဖောင်းလေးတွေရှိတာပေါ့နော်"

"အင်း သား ပါးပါးက အရမ်းချစ်လဲဖို့ကောင်းတာ"

"ပါးပါးကိုအပြင်မှာတွေ့ဖူးချင်လိုက်တာ ဒယ်ဒီရာ"

ကြယ်တစ်ခါကြွေတိုင်းတစ်ခါဆုတောင်းမိတယ် ဂျီငယ်....

မဖြစ်နိုင်တဲ့အရာမှန်းသိပေမယ့် လောဘကြီးစွာဆုတောင်းမိပြန်တယ်....

ဂျီငယ်နဲ့ပြန်ဆုံရပါစေလို့ပေါ့....

အဲ့လိုဆုတောင်းတော့ကြယ်လေးတွေကဘာပြန်ပြောလဲသိလား.....

ပြန်ဆုံဆည်းခွင့်သာရှိခဲ့ရင် ကြယ်လေးတွေဘာပြောသွားလဲဆိုတာ အနားလေးကပ်ပီးတိုးတိုးလေးပြန်ပြောပြချင်သေးတယ်

ရယ်လိုက်တိုင်းပိတ်ကျသွားတယ်တဲ့မျက်ဝန်းလှလှလေးတွေရယ် စတော်ဘယ်ရီလေးလိုနှုတ်ခမ်းလုံးလုံးလေးတွေကို လဲလွမ်းတယ်

လွမ်းလိုက်တာ ဂျီငယ်ရာ...

သားလေးကလဲ ဂျီငယ်ကိုမြင်ဖူးချင်လို့တဲ့လေ...
သူလေးက မင်းကို အရမ်းလွမ်းနေတာ...

ပြောရဦးမယ် ဂျီငယ်...
သားရဲ့လက်သေးသေးလေးတွေနဲ့ ပါးဖောင်းဖောင်းလေးက မင်းနဲ့တူပီး မျက်လုံးလေးနဲ့နှုတ်ခမ်းလေးက ကိုယ်နဲ့တူတာသိလား...

သားနှုတ်ခမ်းလေးနဲ့ ကိုယ့်ရဲ့နှုတ်ခမ်းလေးထပ်တူကျစေချင်လိုက်တာတဲ့ ဘာလို့လဲမေးတော့ နှုတ်ခမ်းပါးလေးတွေကိုချစ်လို့တဲ့လေ...

အဝေးကို ထွက်သွားမယ်မှန်း ကြိုသိခဲ့ရင် နှုတ်ခမ်းလေးတွေနဲ့ မျက်လုံးလေးတွေပါ ခေါင်းအစခြေအဆုံး ဂျီငယ်နဲ့ တူပါစေလို့ဆုတောင်းခဲ့မိမှာ.....

ရှင်သန်ခွင့်လေး💔(U+Z) CompleteWhere stories live. Discover now