"Daddy"
"ဗျာ!"
"ပါးပါးကသားကိုမချစ်ဘူးနဲ့တူပါတယ် ဒယ်ဒီရာ"
"အဲ့လိုမပြောရဘူးလေ သား ပါးပါးကြားရင်စိတ်မကောင်းဖြစ်နေတော့မှာပဲ သား ပါးပါးကသားကိုအရမ်းချစ်ခဲ့တာ"
"ဒါဆို သားကို ဘာလို့လာမတွေ့တာလဲ ပါးပါးက ချစ်တယ်ဆိုလာတွေ့ရမှာပေါ့"
"ဒယ်ဒီတို့ဆီမလာနိုင်တဲ့နေရာတစ်ခုကိုရောက်နေလို့ပေါ့ သားငယ်ရယ်"
"ပါးပါးမလာနိုင်ရင် သားတို့ သွားတွေ့ကြမယ်လေ ဒယ်ဒီ"
___________________
တောင်ပေါ်အိမ်လေးတစ်အိမ်ရဲ့ပြတင်းပေါက်နားလေးမှာ ထိုင်ပီး အဝေးကို လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေတဲ့အဘိုးအိုတစ်ဦး.....
အမှတ်တမဲ့ကြည့်မယ်ဆိုရင် ဒီအဘိုးဟာ ပုံမှန်အတိုင်း ခုံပေါ်ထိုင်ပီး ရေဒီယိုလေးဖွင့်သီချင်းနားထောင်ကာ ပထမဦးဆုံး နှင်းတွေကိုကြည့်နေတာပါပဲ...
အဘိုးအိုရဲ့ မျက်နှာလေးကို သေချာလေးကြည့်လိုက်မယ်ဆိုရင်တော့ အဘိုးရဲ့မျက်လုံး ဝိုင်းဝိုင်းလေးတွေထဲမှာ မျက်ရည်စလေးတွေ ဝေ့သီနေပီး ပြန်မလာတော့တဲ့တစ်စုံတစ်ယောက်ကို လွမ်းဆွတ်သတိရနေတာမျိုးလေး....
အဘိုးအိုဟာ ဒီနေ့မှထူးဆန်းစွာ အမြဲမဝတ်ရက်ပဲနှစ်တွေအကြာကြီးသိမ်းထားတဲ့ အကျီဆွယ်တာအနီရောင်လေးနဲ့ မာဖလာလေးကို ဝတ်ဆင်ကာ အဝေးတစ်နေရာကို လွမ်းလွမ်းဆွေးဆွေးလေးကြည့်နေလေရဲ့....
အသက်တွေကြီးလာရင် တောင်ပေါ်မှာအိမ်လေးဆောက်ပီး နှစ်ယောက်ထဲအေးချမ်းစွာနေချင်တယ်တဲ့လေ.....
"Jeon ငါတို့အသက်ကြီးလာရင် ဘယ်သူမှမရှိတဲ့နေရာမှာ ငါတို့သွားနေရအောင် တောင်ပေါ်မြို့လေး ဆိုလဲ မဆိုးဘူး တိတ်တိတ်ဆိတ်ဆိတ်လေးရှိတယ် "
"ဘယ်သူမှ မရှိတဲ့နေရာမှာတော့ မနေချင်ပါဘူးကွာ ပျင်းစရာကြီး"လို့ပြောလိုက်တော့
"ငါတစ်ယောက်လုံးရှိနေတာပဲ မင်းကငါနဲ့နှစ်ယောက်တည်းမနေချင်ဘူးလား"တဲ့
နေချင်တဲ့လူက ကတိမတည်နိုင်ခဲ့ပေမယ့်
ကိုယ်ကတော့ မင်းရဲ့ ဆန္ဒအတိုင်း တောင်ပေါ်အိမ်လေးမှာအေးချမ်းစွာ နေနေတယ်ဂျီငယ် မင်းတော့မပါခဲ့ဘူးပေါ့....
YOU ARE READING
ရှင်သန်ခွင့်လေး💔(U+Z) Complete
Fanficလွမ်းလိုက်တာ ဂျီငယ်ရာ... ပြန်ဆုံခွင့်သာရခဲ့ရင် မင်းကို ဘယ်လောက်လွမ်းပီး သတိရနေတယ်ဆိုတဲ့အကြောင်းလေးကို ရင်ခွင်ထဲထည့်ပီးပြောပြချင်သေးပါရဲ့........ လွမ်းလိုက်တာ ဂျီငယ်ရာ... ပြန်ဆုံခွင့်သာရခဲ့ရင် မင်းကို ဘယ်လောက်လွမ်းပီး သတိရနေတယ်ဆိုအကြောင်းလေးကို ရင်ခွ...