part 4 💔

928 95 0
                                    

"ဟော ဗိုက်ထဲက လှုပ်နေတယ်"

Jiminရဲ့ဗိုက်နားလေးကပ်ကာ ခေါင်းလေးစောင်းပီး နားထောင်နေတဲ့ပန်းချီဆရာလေး။

"ဟုပ်လား သူ့ဒယ်ဒီကို စကားလာပြောတာနဲ့တူတယ် သားက"

Jungkookလဲ ကုတင်ခေါင်းရင်းကိုမှီထိုင်‌ေနတဲ့ Jiminနားသွားပီးဗိုက်လေးနားနောက်တစ်ခေါက်ထပ်ကပ်သွားကာ နားထောင်လိုက်ပီး

"သားကပြောတယ် ပါးပါးက ဒယ်ဒီကိုတစ်ချက်လောက် အာဘွားပေးလိုက်ပါဦးတဲ့"

"မဟုပ်တာတွေပြောပြန်ပီ"

"အာဘွားလေးတစ်ချက်လောက်ပေးပါကွာနော်"

"ဘယ်လိုတွေဖြစ်နေတာလဲ"

"လုပ်ပါ တစ်ခါတည်း"

Jungkookလဲ Jiminနဲ့ဘေးချင်းကပ်ထိုင်လိုက်ကာရင်ခွင်ထဲထည့်ထားလိုက်ပီး

"အာဘွားလေးပေးပါကွာ"

"ပြွတ်"

"ရပီလား တကယ်ပါပဲ"

"ရပီ ရပီ"

"Jeon"

"ဗျာ"

"ငါတို့ ကလေးလေးမွေးလာရင် ဘယ်သူနဲ့ တူစေချင်လဲဟင်"

"Jiminနဲ့ပဲတူစေချင်တယ်"

မဆိုင်းမတွပြန်ဖြေလာသူကြောင့် Jiminမျက်နှာလေးက ပြုံးယဲ့ယဲ့လေး

"အဲ့လိုကြီးမဟုပ်သေးဘူးလေးကွာ တစ်ခုခုတော့ jeonနဲ့လဲ တူရမှာမလား"

"မတူချင်ဘူးအကုန်လုံး jeon jiminတစ်ယောက်ထဲနဲ့ပဲတူစေချင်တာ"

"ငါကတော့ နှုတ်ခမ်းလေးတွေကို jeonနဲ့တူစေချင်တယ်"

"ဘာလို့နှုတ်ခမ်းလဲ"

"ဘာလို့ဆို ငါကဟော့ဒီ နှုတ်ခမ်းပါးလေးတွေကိုသိပ်ချစ်လို့ပေါ့"

နှုတ်ခမ်းလေးကို လက်ကလေးနဲ့ထိကိုင်ကာပြောလာသူလေး။

"ဟုပ်ပါပီတဲ့ဗျာ ဒီက jeon Jiminလေးသဘောအတိုင်းပါပဲ ဗိုက်ထဲက ကလေးလေး ကြားတယ်မလား သားပါးပါးက နှုတ်ခမ်းလေးကို ဒယ်ဒီနဲ့တူပေးပါတဲ့"

ရယ်သံလွင်လွင်းလေးတွေအခန်းထဲပြန်နှံလျက်။တကယ့်ပျော်စရာကောင်းတဲ့နေ့ရက်တွေပါပဲ။
မကြာခင်ဆည်းလည်းသံလေးရောက်လာတော့မယ်အချိန်ကို တဖြည်းဖြည်းနီးကပ်လာပီ။

ရှင်သန်ခွင့်လေး💔(U+Z) CompleteWhere stories live. Discover now