Part 5💔

1.5K 110 13
                                    

"Daddy"

"ဗျာ"

"သားမှာ ဘာလို့အဖေတစ်ယောက်ပဲရှိတာလဲဟင်"

သားစားဖို့အတွက်မနက်စာလေးတွေပြင်ပေးနေရာမှ လက်တွေရပ်တန့်သွားကာ

"သားမှာ ပါးပါးရှိသေးတယ်လို့ ဒယ်ဒီပြောထားတယ်လေ"

"ပါးပါးက ဘာလို့ kookကိုလာမတွေ့တာလဲဟင်"

"ခရီးလွန်နေလို့ပါ ပါးပါးကနောက်တော့တွေ့ရမှာပေါ့"

"ပါးပါးနဲ့ဒယ်ဒီကရန်ဖြစ်ထားတာလား"

"ဘာလို့လဲ"

"ပါးပါးက ခရီးအကြာကြီးထွက်နေလို့လေ"

"ရန်မဖြစ်ပါဘူး ပါးပါးက ခရီးတွေထွက်ရတာကြိုက်လို့လေ"

"ပါးပါးက ကိုယ့်သားလေးတောင်တစ်ခါလောက်လာမတွေ့ဘူး kookသူငယ်ချင်းတွေမှာဆို အဖေနှစ်ယောက်ရှိတဲ့လူကနှစ်ယောက်လုံးလာတွေ့တယ် အမေနဲ့အဖေရှိတဲ့လူတွေကလဲနှစ်ယောက်လုံးလာတွေ့တယ်လေ kookကျဒယ်ဒီတစ်ယောက်တည်း"

စကားပြောနေရင်းငိုသံလေးစွတ်လာတဲ့သားကြောင့် ခန္ဓာကိုယ်ပေါ်ကိုကောက်ချီလိုက်ပီး

"သားကို ဖွားဖွားကြီးလဲလာကြိုသေးတယ်မလား"

"ပါးပါးက သားကို မချစ်ဘူးနဲ့တူတယ်နော်ဒယ်ဒီ"

"သားကလဲ အဲ့လိုမပြောရဘူးလေကွာ ပါးပါးကသားကိုအရမ်းချစ်တာကို ဒီစကားတွေပါးပါးကြားသွားရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်"

"သားက ပါးပါးကိုတွေ့ချင်နေတာကို"

"တွေ့ရမှာပေါ့သားလေးရဲ့ အခုတော့ မနက်စာလေးကိုကုန်အောင်စားလိုက်ပါဗျာ စားပီးရင်ကျောင်းသွားရအောင်"

"ဟုပ်ကဲ့ဒယ်ဒီ"

ကျနော့ဘဝထဲက ဂျီငယ်ထွက်သွားတာ 6နှစ်တောင်ပြည့်သွားခဲ့ပီ။

ဆေးရုံထဲမှာ မွေးကင်းစနီတာရဲ ကလေးလေးကိုပိုက်ပီး တစ်ဖက်မှာကတော့အမျိုးသားဆုံးလို့ ရူးမတတ်ဖြစ်နေတဲ့ကောင်လေးတစ်ယောက်။

အကြိမ်ကြိမ်မသေပါဘူးအိပ်ပျော်နေတာပါ ပြန်နိုးလာမှာပါလို့ ပါးစပ်ကပြောနေခဲ့ပေမယ့် အသိစိတ်ထဲမှာတော့ သူပြန်မလာတော့ဘူးဆိုတဲ့ အတွေးက ရင်ကိုပူလောင်စေပါတယ်။

ရှင်သန်ခွင့်လေး💔(U+Z) CompleteWhere stories live. Discover now