“ဝိုးး”
စိတ်ထဲက အာမေဍိတ်အသံကအပြင်ကိုပါထွက်သွားတော့ ဘေးကမာမားကပါဘာဖြစ်တာလဲဆိုတဲ့အကြည့်နှင့်
အရာအားလုံးကို အပေါ်စီးကနေကြည့်ရတာ အဲ့လောက်ထိလှမှန်း 18နှစ်တာကာလတစ်လျှောက်လုံးအခုမှသိခွင့်ရတော့တယ် ။
ဘာလို့ဆို ကိုယ့်မွေးရပ်မြေကနေ တခြားနိုင်ငံကို သွားခွင့်ရတာ ဒါဟာဘဝမှာပထမဆုံးအချိန်
ငယ်ငယ်တည်းကအခုထိလေယာဉ်စီးဖူးတာလဲ ဒါပထမဆုံးပါပဲappa ရဲ့အလုပ်ကိစ္စကြောင့် Canadaကိုမိသားစုလိုက်ပြောင်းလာခဲ့ရတယ် ။ အထက်တန်းကိုတော့ နိုင်ငံရပ်ခြားမှာပဲဆက်တက်ရတော့မှာပေါ့ ငယ်ငယ်လေးထဲကပေါင်းလာတဲ့သူငယ်ချင်းတွေနဲ့ ရုတ်တရက်ကြီးဝေးရမှာဆိုတော့ သိသိချင်းညက
ယောက်ျားလေးတန်မဲ့ငိုပြီး ဂျီကျခဲ့သေးတာ ကျွန်တော်နေခဲ့မယ်ဆိုပြီးလေဘွားဘွားကလဲ သူ့မြေးလေးကိုငါတို့နဲ့ထားခဲ့ဆိုပြီးတဖွဖွပြောရှာတယ် ။
“နေရာအသစ်မှာ စိတ်သစ်လူသစ်သူငယ်ချင်းအသစ်တွေနဲ့ ဘဝသစ်ကိုစရမယ်လေ ငါ့သားရဲ့ လူဆိုတာအချိန်တန်ရင်တစ်ယောက်တည်းပဲ နေတတ်အောင်နေရတယ်” ဆိုပြီး မာမားတစ်ယောက်အဲ့ညကဟောလိုက်တဲ့တရားဆိုတာ တောပါထွက်ချင်သွားတယ်
ဂျီကျနေတဲ့ကိုယ်က အေးဆေးကိုယ့်အထုတ်ကိုယ်ပြင်ပြီး လိုက်လာခဲ့ရတဲ့အထိပဲ !!!!အတွေးတွေလွန်နေတာနဲ့ လေယာဉ်ဆီကနေသတိပေးသံကြားမှ စိတ်အလျင်က ကိုယ့်ရှေ့မှောက်က
သဘာဝအလှတရားဆီပြန်ရောက်တော့တယ် ။နောက်ထပ် 10နာရီကျော်လောက်လေယာဉ်ပေါ်မှာပျင်း"နဲ့အချိန်ကုန်ရဦးမည် ။ အလဟဿမဖြစ်အောင် ဒီ10နာရီကျော်ကို အိပ်မက်ထဲမှာပဲဖြတ်သန်းလိုက်ပါတော့မယ်လေ
-----------------------------♡---------------------------
တီ တီ တီ
အဆက်မပျက်မြည်နေတဲ့ နှိုးစက်ကို လှမ်းပိတ်ပြီးပြန်အိပ်ဖို့ကြိုးစားပေမဲ့ အချိန်ကိုကြည့်မိတော့ 6:30
ညက အချိန်ပိုင်းအလုပ်ကနေပြန်ရောက်တာနောက်ကျခြင်းရဲ့အကျိုးဆက်က ကျောင်းမှာအိပ်ငိုက်တော့မယ်ထင်ပါရဲ့
ကျစ်” မူးဝေချင်နေတဲ့ခေါင်းကို ကိုင်ပြီး ခပ်ဖွာဖွာဖြစ်နေတဲ့ဆံပင်တွေကို ထပ်မံထိုးပွပစ်လိုက်သည် ။
"ညကအိပ်ရာဝင်တာနောက်ကျတာနဲ့ ခေါင်းကကိုက်ချင်လာရောလားဟ"
"မချူချာချင်စမ်းနဲ့ လုပ်ရမဲ့အလုပ်တွေတန်းစီနေတာ ဘာတစ်ခုမှပျက်လို့မဖြစ်ဘူး"
ကိုယ့်ကိုကိုယ်မကျေနပ်သလို စကားဆိုပြီး ကျောင်းသွားဖို့ကိုသာပြင်ဆင်နေလိုက်သည် ။
ကျောင်းရောက်တာနဲ့ ကိုယ့်အခန်းဆီကိုပဲ တန်းပြီးဝင်သွားလိုက်တယ်
သူများတွေလို ကိုယ်စီကိုယ်စီပုခုံးဖက်ပေါင်းပြီး အလာဘသလာဘပြောနေရမဲ့သူငယ်ချင်းဆိုလို့လဲမရှိ အဓိကကကျောင်းခေါ်ချိန်ပြည့်အောင်အတန်းတက်ပေးမယ် examတွေအောင်အောင်ဖြေမယ် ဒါပါပဲ ။ ကျောင်းလာတာ ထွေထွေထူးထူးကိစ္စတွေမှမရှိပဲ𝑰'𝒍𝒍 𝒃𝒆 𝒃𝒚 𝒚𝒐𝒖𝒓 𝒔𝒊𝒅𝒆 - 🌼
YOU ARE READING
𝑰'𝒍𝒍 𝒃𝒆 𝒃𝒚 𝒚𝒐𝒖𝒓 𝒔𝒊𝒅𝒆 - 🌼
Short Story"ငါကမင်းအပိုင်မလို့ မင်းဘက်မှာပဲရှိနေပေးမှာ ဘာအကြောင်းကြောင့်ဖြစ်ဖြစ်" !!!! 🌼🤙