လေယာဉ်ပေါ်ကဆင်းဆင်းချင်း အမိမြေထက်ပိုပြီးအေးနေတဲ့ရာသီဥတုကြောင့် ခန္ဓာကိုယ်ဟာသိမ့်ခနဲ
လေဆိပ်ထိ လာခေါ်ပေးတဲ့ကားကြောင့် ကိုယ်နေရမဲ့အိမ်ကို အငြိမ့်သားလေးလိုက်သွားရုံပါပဲ
တခြားနိုင်ငံကိုရောက်နေပေမဲ့ ဒီလိုမျိုး အစစအရာရာအဆင့်သင့်ရှိနေခြင်းဟာ appaရဲ့ထက်မြက်မှုတွေကြောင့်ဆိုလဲမမှားဘူး ဟင့်အင်း appaကြောင့်ပါပဲမိသားစုအတွက်ပဲအမြဲစဉ်းစားပေးတတ်တဲ့ ဒီလူဟာတစ်ချို့တလေသော အရာတွေမှာပျက်ကွက်မှုရှိပေမဲ့ ဒါဟာလဲ ကိုယ်တွေကောင်း"မွန်"နေရဖို့ကြိုးစားနေရတာကြောင့်ပဲမလား ဂုဏ်ပြုပွဲ ၊ ဆုပေးပွဲတွေမှာ ဘယ်တော့မှလိုက်မလာနိုင်တဲ့ appaကိုအပြစ်မမြင်မိပါဘူး
ကားပြတင်းကနေ မြင်ရတဲ့ ခြံဝန်းကကိုရီးယားကအိမ်ထက်တောင်ပိုကျယ်နေတဲ့အရွယ်အစားမျိုး ရပ်ကွက်ကလဲတိတ်ဆိတ်လွန်းလို့လူနေတယ်လို့တောင်မထင်ရတဲ့နေရာကိုရွေးထားတာပဲ
appaတို့ဘယ်တုန်းက ဘယ်လိုမျိုးဒါတွေကိုစီစဉ်ထားတာလဲ! ချက်ချင်းလက်ငင်းထွက်လာရတာတောင် အကုန်အကွက်ကျကျနဲ့
လေးစားတယ်တကယ် ဟူးးး------------------------♡----------------------
"မာမား သားဒီနေ့အပြင်ထွက်လည်မယ်နော်"
"အခုမှရောက်တာလေ Hyeokkieကလဲ သားလမ်းကြောင်းတွေဘာတွေကောသိလို့လား"
"တစ်ခါမြင်တာနဲ့ အကုန်မှတ်ထားနိုင်ပါတယ်နော် အိမ်ကိုရောက်အောင်ပြန်လာတတ်ပါတယ် 18နှစ်ရှိပါပြီဗျ ကလေးမှမဟုတ်တာ"
"ချက်ချင်းသွားတော့မလို့လား"
"အာညီးး အခုနားဦးမယ်လေ နေ့လည်စာစားပြီးမှ
အပြင်မှာစားမှာလား ဘယ်လိုလုပ်မှာလဲဟင်""အဒေါ်ကြီးတွေကမားမားတို့ထက် အရင်တစ်ရက်စောရောက်တယ်လေသားရဲ့ အိမ်ထမင်းအိမ်ဟင်းပဲစားရမှာပါနော်"
"ညနေမမှောင်ခင်ပြန်လာနော် ဖုန်းဆက်ရင်လဲကိုင်ဦး"
"ဟုတ် ဘာသာစကားကလဲ ကျွန်တော် Engလိုကျွမ်းပါတယ် လမ်းမသိတော့ရင်တွေ့တဲ့သူမေးပြီးလာလို့ရသလို mapကြည့်ပြီးလဲသွားလို့ရတယ်လေ ဖုန်းရှိတာဒီလိုနေရာမှာအသုံးချရမှာပေါ့"
YOU ARE READING
𝑰'𝒍𝒍 𝒃𝒆 𝒃𝒚 𝒚𝒐𝒖𝒓 𝒔𝒊𝒅𝒆 - 🌼
Short Story"ငါကမင်းအပိုင်မလို့ မင်းဘက်မှာပဲရှိနေပေးမှာ ဘာအကြောင်းကြောင့်ဖြစ်ဖြစ်" !!!! 🌼🤙