3

66 12 3
                                    

အဲ့လိုမျိုးကြီးထားခဲ့လို့အဆင်ကောပြေရဲ့လား  တကယ်အခုမှရောက်ဖူးတာဆိုရင်ရော?
လမ်းပျောက်ပြီးအိမ်မပြန်တတ်ဖြစ်နေရင် ......

အာမသိတော့ဘူး ဘတ်စ်ကားဂိတ်မှာထားခဲ့ပေးတာပဲ တစ်ယောက်ယောက်ကိုအကူညီတောင်းလို့ရမှာပါ! သူ့ပုံစံကအူတူတူအတတပုံလဲမပေါက်ပါဘူး မတတ်နိုင်ဘူး ကိုယ့်အလုပ်ချိန်ကလဲနောက်ကျလို့ရတာမှမဟုတ်တာ

Hwiတစ်ယောက် အလုပ်ရောက်တဲ့အထိ အနောက်မှာထားခဲ့ရတဲ့ သူကိုစိတ်မချဖြစ်နေလေရဲ့ “ဒီလူငါ့ကိုတမင် ရစ်နေတာနေမှာ ဖုန်းနံပါတ်ကဘာအကြောင်းကြောင့်မှမေ့စရာမရှိဘူးမလား !!! အိမ်တော့ပြန်ရောက်မှာပါ ဟူးးးး” 

Cheon Jun Hyeokတို့လျှာရှည်ပုံများ
ကိုယ်ရောက်နေတဲ့နေရာကအိမ်နဲ့ 3လမ်းကျော်လောက်ကို ရှည်ပြီးမဟုတ်သုတ်ခတွေလုပ်လိုက်တာ
ကားဂိတ်ကနေပြန်ပြီးလမ်းထပ်လျှောက်လိုက်ရတဲ့အဖြစ်ပေါ့

ညနေမစောင်းခင်ပြန်လာခဲ့ဆိုတဲ့ မာမီမားသားစကားကြောင့် 5နာရီထက်နောက်ကျမှာဆိုးလို့ အပြေးအလွှားလေးကလုပ်လိုက်ရသေးတယ်!

-----

“တော်ပါသေးရဲ့ 5နာရီမကျော်သေးဘူး”

“ဟဲ့ သားသား ဘယ်လိုဖြစ်တာလဲ ချွေးတွေထွက်လို့ပါလား”

ဟုတ်ပါရဲ့ သူများတွေအေးလို့ အနွေးထည်အထပ်ထပ်ဝတ်ထားရတဲ့အချိန် Junhyeokတို့ ချွေးဆို့နေတဲ့ဖြစ်ခြင်းပေါ့

“‌နောက်ကျရင်မာမားစိတ်ပူနေမှာဆိုးလို့ နည်းနည််းပြေးလာလိုက်လို့”

“အဝေးကြီးတွေလျှောက်သွားနေတာမလား နောက်လဲအေးဆေးလည်လို့ရတာကို Hyeokkieတို့ကတော့
ခဏလေးလာနေတာမှမဟုတ်ပဲ

သန့်ရှင်း‌ရေးလုပ်ပြီးသွားနားလိုက်တော့”

“ဟုတ်”

ခန္ဓာကိုယ်သန့်စင်ပြီး အိပ်ရာပေါ်မှာခြေပစ်လက်ပစ်အနားလိုက်သည် ။ ဒီနေ့ဖြစ်ခဲ့တာတွေကိုပြန်စဉ်းစားကြည့်ရင် အတွေးထဲအရင်ဆုံးရောက်လာသည်ကား ဆံပင်ခပ်အုပ်အုပ်လေးနဲ့ အအေးဒဏ်ကြောင့်နှာခေါင်းထိပ်လေးရဲတဲတဲဖြစ်နေသည့် ကောင်လေးပင် သူ့ကိုဆွဲချလိုက်လို့စိတ်ဆိုးပြီးပြန်ပြောချင်ပေမဲ့ ဘာမှမပြောပဲဒီတိုင်းရပ်‌ကြည့်နေရတဲ့အကြောင်းကိုလဲထပ်တွေ့ဖြစ်ရင်မေးကြည့်ချင်ပါရဲ့

You've reached the end of published parts.

⏰ Last updated: Dec 31, 2021 ⏰

Add this story to your Library to get notified about new parts!

𝑰'𝒍𝒍 𝒃𝒆 𝒃𝒚 𝒚𝒐𝒖𝒓 𝒔𝒊𝒅𝒆 - 🌼Where stories live. Discover now