Chapter 00: အမှာစာ

2.2K 86 3
                                    

Chapter 00: အမှာစာ

တရုတ်နိုင်ငံ ချင်မင်းဆက်၏ နောက်ဆုံး ဘုရင်ဖြစ်သူ ပုရီ၏ ဇာတ်ကြောင်းအား အခြေခံပြီး ရေးထားသည့် Historical Fiction ဖြစ်ပြီး အဓိက ဇာတ်ဆောင် ၄ ဦးဖြစ်သည့် ယူနီ၊ ရိုဆာ၊ ဂျီအန်နှင့် လီယန်တို့မှ လွဲလျှင် လူအားလုံး၊ အဖြစ်အပျက်အားလုံးသည် တကယ်ဖြစ်ပျက်ခဲ့သည်များသာဖြစ်သည်။ ထိုကာလများအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အားလုံးမှာ အမှန်ပင် ဖြစ်၍ အဖြစ်အပျက်များကို မရှင်းတော့ဘဲ အဓိက ဇာတ်ဆောင်များအကြောင်းကို သာရှင်းမည်။

ယူနီ− သမိုင်းအမှန်မှာ မင်းသားကြီးဇိုင်းဖန်နှင့် လေဒီယူလန်တို့တွင် သားသမီး ၅ ယောက်ရှိသည်။ ပုရီနှင့် ပုဂျီတို့မှာ သားတော်နှစ်ပါးဖြစ်ပြီး နောက်ထပ် သမီးတော်၃ ပါးရှိသေးသည်။ ဤဇာတ်လမ်းတွင် သမီးတော် ၃ ပါး၏ ဇာတ်ကြောင်းမပါဘဲ ပုရီနှင့် ပုဂျီ၏ အငယ် တတိယသမီးတော်အဖြစ် ယူနီအား အဓိက ဇာတ်ဆောင်ထားကာ ရေးဖွဲ့သည်။

ရိုဆာ− ချင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော ပုရီအား ပညာသင်ကြားပေးရန် ရောက်လာခဲ့သော ဆာရီဂျင်နယ်ဂျွန်စတန်သည် သမိုင်းအမှန်တွင် အိမ်ထောင်မကျခဲ့သလို သားသမီးလည်း မရှိပေ။ ဤဇာတ်လမ်းတွင် ရိုဆာအား ဆာရီဂျင်နယ်ဂျွန်စတန်၏ သမီးအဖြစ် စိတ်ကူးယဥ်ဇာတ်ဆောင်နေရာမှ ထည့်ထားသည်။

ဂျီအန်နှင့် လီယန်− ဂျီအန်နှင့် လီယန်သည်လည်း စာရေးသူ၏ စိတ်ကူးယဥ်ဇာတ်ဆောင်မျှသာဖြစ်၍ သမိုင်းတွင် ရှိခဲ့သူများမဟုတ်ပေ။

၎င်းတို့ ၄ ဦးမှ လွဲ၍ ကျန်သည့်အဖြစ်အပျက်အားလုံးသည် အမှန်တကယ်ဖြစ်ခဲ့သော သမိုင်းကို အခြေခံကာ ရေးဖွဲ့သည်။ စာရေးသူသည် "The Last Emperor" ဟူသည့် ပုရီ၏ ဘဝအကြောင်းကို ရိုက်ထားသော ဇာတ်ကားကို ကြည့်ကာ အတွေးနယ်ချဲ့ရာမှ ဇာတ်အိမ်ရလာခဲ့ခြင်းဖြစ်သည်။ သမိုင်းအမှန်ကို အတတ်နိုင်ဆုံးရှာဖတ်ကာ ရေးထားသော်လည်း စာရေးသူကိုယ်တိုင်က တားမြစ်မြိုတော်အား မရောက်ဖူးသည့်အတွက် နေရာဒေသအချို့အား ဖော်ပြပုံမှားယွင်းခဲ့ပါသော် စာရေးသူ၏ အပြစ်သာဖြစ်သည်။

P.S ခုနှစ်​တွေကို ဂုစိုက်ပါ။

Buffer Zone Where stories live. Discover now