Lu နဲ့ soo ကငယ်သူငယ်ချင်းတွေပေါ့။အိမ်ချင်းလဲနီးပီး
တယောက်ကိုတယောက်အရမ်းချစ်ကြတယ်။
soo ကတော့ ချမ်းသာတဲ့မိသားစုကမွေးဖွားလာပြီး မိဘနှစ်ဦးရဲ့ အချစ်တွေမေတ္တာတွေနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်း
ခဲ့ရသူပေါ့။
Lu ရဲ့ဘဝကတော့ sooထက်ပိုပီး 2ဆလောက်ချမ်းသာတယ်။လိုချင်တာကို လက်ညှိုးထိုးလိုက်တာနဲ့ အကုန်ရနိုင်တယ်။ဒါပင်မဲ့ lu အလိုချင်ဆုံးမိဘမေတ္တာဆိုတာ လုံးဝမရခဲ့။
lu ရဲ့မိဘတွေက တဦးနဲ့တဦးလုံးဝမချစ်ကြ။မိဘတွေသဘောတူလို့သာ ယူထားကြပီး ချစ်သူကိုစီရှိကြပီးသား။ အချစ်မပါတော့လဲ
အိမ်ထောင်ရေးက သာယာမှုမရှိ။မလိုချင်ဘဲရခဲ့တဲ့ lu ကိုမွေးပီး 3 လအကြာမှာ အမေကအမေရိကကိုထွက်သွားပီး သူ့ရီးစားဟောင်းနဲ့လက်ထပ်ခဲ့တယ်။ဟိုကနေဘဲလက်ထပ်
စာချုပ်ကို appa ဆီ ပို့ခဲ့တယ်။appaကတော့ အလုပ်အတွက် ခရီးဘဲထွက်နေပီး အိမ်မှာနေတယ်မရှိဘူး။
lu ကနို့ဘူးစို့ပီးကြီးပြင်းခဲ့ရတယ်။တော်သေးတယ် အဖေ့ညီမ ဒေါ်လေးကငယ်ငယ်ထဲ့ကဘေးမှာရှိပေးခဲ့လို့။
ခုဆိုရင် ၁၇နှစ်ဆိုတဲ့အရွယ်ရောက်လာခဲ့ပီ။luရောsooရော
uniစတက်ပီပေါ့နော်။(ဇာတ်လမ်းစတော့မယ်နော်
introနဲနဲများသွားတယ် mian)
