Extra ( 📖💘 )

4.3K 128 2
                                    

Unicode

ဒီနေ့ စိတ်ကောင်းဝင်နေလို့ extra လေး တစ်ပိုင်းလောက် ထပ်ရေးချင်လာလို့ပါ ဖတ်ပေးကြပါအုန်းနော်
ဒါလေးဖတ်ပြီးရင် comment လေးတွေ ချန်သွားပေးကြပါအုန်းနော်💞

ငါးနှစ်ကြာသော်

" အကို မြန်မြန်လုပ် မပြီးသေးဘူးလား "

" ပြီးပါပြီ ခေတ်ရာ ကိုယ်တို့ အစောကြီး ရှိပါသေးတယ် စိတ်မပူပါနဲ့ "

" မပူလို့မရဘူးဗျ ဗေဒင်ဆရာက ပြောထားတယ် ဒီနေ့ ဒီအချိန်သွားရင် တစ်သက်လုံး လှည့်ကြည့်စရာတောင် မလိုဘူးတဲ့ "

" ဒါဆို ခေတ်က ကိုယ်နဲ့ လက်ထက်ပြီးရင် ကိုယ့်ကို လှည့်မကြည့်တော့ဘူးပေါ့ "

" အားးး အဲ့လိုပြောတာမဟုတ်ဘူးလေ ကျွန်တော်တို့နှစ်ယောက် တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားချင်တာ အကို့နားမှာ ကျွန်တော်အမြဲရှိနေပြီ
ကျွန်တော့်နားမှာလည်း အကို့ကိုပဲ ရှိစေချင်တာမျိုး အချစ်ဦးနဲ့ ဘဝလက်တွဲဖော်ကို ထပ်တူကျစေချင်တာမျိုး အကိုကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့လောက်အောင်ကို ချစ်မိသွားလို့
အခုလို စီစဥ်နေရတာဗျ ခင်ဗျားကြီးကို ယုံပေမဲ့
ကံကြမ္မာကို မယုံဘူး ပြီးတော့ ခင်ဗျားကြီးဘေးက မမချောချောလေးတွေကိုလည်း မယုံဘူး "

" ဟောဗျာ ကိုယ့်ကိုချစ်ကြောင်း ပြောနေရာကနေ ဘယ်ကနေဘယ်လို အဲ့ဘက် ရောက်သွားရပြန်တာတုန်း "

" ဒါကတော့ အကိုပဲ သိမှာပေါ့ "

" ကိုယ် ခေတ်ကို ဘယ်လောက်ချစ်ကြောင်းလဲ ခေတ်သိမှာပါနော် "

" မသိဘူး😛 "

" သားတို့ရေ မပြီးသေးဘူးလား ဆင်းလာတော့လေ ဘုရားသွားပြီ မင်းတို့မင်္ဂလာပွဲကိစ္စ စီစဥ်ရအုန်းမယ်လေ "

" ဒီကလေးလေးကတော့ အသည်းယားအောင် လာလုပ်နေတယ် ပြန်လာမှ တွေ့မယ် ခေတ်နဲ့ဒီကိစ္စ ရှင်းအောင် လုပ်ရမယ် ကိုယ် ခေတ်ကို ဘယ်လောက်ချစ်ကြောင်း ခေတ်သိအောင် ပြောပြရမယ်.... သိချင်တယ်မလား "

ခေါင်းအသည်းအသန်ခါနေသော ကျွန်တော့်ရဲ့ချစ်မဝလေး ခေတ်

" မသိချင်တော့ဘူး မေမေခေါ်နေပြီ သွားတော့မယ် "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Tahanan ng mga kuwento. Tumuklas ngayon