ဘာရယ်မဟုတ်တဲ့extra

2.2K 100 1
                                    

Unicode+Zawgyi

ထင်ဦးသာနဲ့ပိုင်ခေတ်မင်း

ကျွန်တော်တို့ကို မေ့သွားကြပြီးလားဗျ..ဟီး
အခုဆို ကျွန်တော်နဲ့ ခင်ဗျားတို့ရဲ့ ဆရာထင်က အတူတူနေနေကြပြီဗျ
အရင်က ကျွန်တော်က အရွဲ့တိုက်တတ်သလောက် ဆိုးခဲ့သလောက် အခု ကျွန်တော်က မဆိုးရဘဲ အကိုက တအားဆိုးလာတယ်
ငယ်ချောလေးနဲ့လည်း မတည့်ကြဘူး
မတွေ့လိုက်နဲ့ တွေ့တာနဲ့ တကြပ်ကြပ်

" ဦးငယ် ချော အရင်စတာမဟုတ်ဘူးနော် အဲ့ဒါ ဦးငယ်ယောကျာ်း ဦးထင်ကြီး မကောင်းလို့ ဖြစ်ရတာ "

" ခေတ် ကိုယ်က အေးဆေးနေတာနော် မင်းကို ချစ်နေရတာနဲ့တောင် အားတာမဟုတ်ဘူး "

" လာမချစ်နဲ့ ဒါ ချောရဲ့ဦးငယ် ချောပဲ ချစ်မယ် "

" ရုပ်ဆိုးလေး ဒါ ဦးထင်ရဲ့ချစ်ချစ်လေ ခေတ် ပြောပြလိုက်ကွာ ဘယ်သူကို ပိုချစ်လဲဆိုတာ "

" မရဘူး ချောကိုပဲ ပိုချစ် ဦးငယ် ချောကိုပဲ ချစ်နော် ဦးထင်ကြီးက အကျင့်မကောင်းဘူး ဗြဲ.."

" မငိုရဘူးလေ ငယ်ချောလေးက လိမ္မာတယ်မဟုတ်ဘူးလား လိမ္မာတဲ့ကလေးတွေပဲ ဦးငယ်က ချစ်တာနော် "

" ချောက လိမ္မာတယ် အဲ့ဦးထင်ကြီးက ဆိုးတာ ဦးထင်ကြီးကို မချစ်နဲ့ "

" အိုကေ ငယ်ချောလေးသဘော တိတ်တော့နော်
မငိုရဘူး "

" ခေတ်... "

ထိုအချိန် အိမ်ထဲသို့ဝင်လာသော ခေတ်ရဲ့အမ ခေတ်ငယ်နှင့် ယောက်ဖဖြစ်သူ ကိုညီ

" ငယ်ချော ဦးငယ်နဲ့ဦးထင်ကို တအားတွေ ဆိုးနေတယ်ဆို "

" မာမီကို ဘယ်သူပြောတာလဲ ဟိုဦးထင်ကြီးမလား ချောက မဆိုးပါဘူးဆို "

" သမီး ဦးထင်ကို အဲ့လိုမပြောရဘူးလေ ဒယ်ဒီမကြိုက်ဘူးနော် လာ အိမ်ပြန်မယ် "

" မပြန်ချင်သေးပါဘူး ချောက ဦးငယ်တို့အိမ်မှာပဲ နေအုန်းမှာ "

" ဒီအိမ်က ဦးထင်အိမ်လေ သမီး ဒီမှာ ဆက်နေချင်ရင်တော့ ဦးထင်ပြောစကား နားထောင်ရမယ် ဦးထင်ကို ပြန်မပြောရဘူး မဆိုးရဘူး "

ဆိုးစမ်းပါ ကောင်လေးရာ ( Completed )Où les histoires vivent. Découvrez maintenant