ရာပန်းဆီ__🌹
________" တကယ်ပဲ ငါ အသက်ရှင်ဖို့ နည်းလမ်းမရှိတော့ဘူးလား..? "
ပိုင်တုန် က တစ်ယောက်တည်း ကျားကွက်ထိုးနေတာကို ရပ်လိုက်ပြီး စူးစမ်းသလို ရိပေါ်အား မျက်လွှာပင့်ကြည့်သည်..။ သေဖို့အရေးကို မနေ့ကအထိ ထမင်းစား ရေသောက်ပြောနေတဲ့ မင်းသားက ခုမှ အသက်ရှင်မယ့် နည်းလမ်းကို မေးမြန်းလာတာမို့ အံ့ဩသွားတာတော့ အမှန်ပဲ..။ သို့ပေမဲ့ အလိုက်အထိုက်ပင် ပြန်ဖြေလိုက်တယ်..။
" မရှိပါဘူး ကျွန်တော်ဖော်ထားတဲ့ ဆေးဆိုရင် နည်းလမ်း ရှာပေးလို့ ရသေးတယ် ခုဟာက အရင်မင်းကြီးနဲ့ ကျွန်တော်ဖခင်တို့ ဖော်စပ်ခဲ့တဲ့ ဆေးဆိုတော့..---ဟာ...မင်းသား အဆင်ပြေရဲ့လား "
"မလာနဲ့ ငါ့အနားကို မလာခဲ့နဲ့ "
ရိပေါ့်ခန္ဓာကိုယ်က ယိုင်နဲ့သွားတာမို့ ပိုင်တုန်မှာ အလန့်တကြားပင် ထအော်တယ်..။ နည်းလမ်းမရှိဘူးတဲ့..။ ဒါဆိုရင် ဗိုက်ထဲက ကလေးကို ဘယ်လို ကယ်တင်ရမလဲ..?
ဖင်တကြွကြွဖြစ်နေသော ပိုင်တုန်မှာ နေရာတွင် ပြန်ထိုင်လိုက်ပြီး ရိပေါ်အား ဂရုဏာသက်စွာ ကြည့်နေသည်..။ အချစ်ဆိုတာ ပူလောင်မှန်း ကျွန်တော်သိတာပေါ့ မင်းသားရယ်..။
"မင်းသား အဆင်ပြေရဲ့လား "
" ငါ့အတွက် အချိန်---- အချိန်ဘယ်လောက် ကျန်သေးလဲ "
ပိုင်တုန်က လက်ချောင်းများကို ချိုးကာ ရေတွက်လိုက်ပြီး..
" အမ်! အဲ့ဒါက တော်ဝင်မင်္ဂလာပွဲ မတိုင်ခင် အပြီးသတ်ရမှာဆိုတော့ တစ်ပတ်လောက်ပဲ ကျန်တော့တယ်.."
"တစ်ပတ်! တစ်ပတ်တဲ့လား..? *Sob တစ်ပတ်ပဲရှိတော့တာတဲ့..ဘာလို့လဲ..? ဘာလို့ ကျွန်တော့်အပေါ် မိုးနတ်မင်းက မျက်နှာသာ မပေးရတာလဲ..? "
" မင်းသား စိတ်ထိန်းပါဦး "
"မလာခဲ့နဲ့ ငါ့ဆီမလာခဲ့နဲ့ *Sob "
ဒူးတုပ်ထိုင်ချပြီး ရိပေါ်က အူလှိုက်သည်းလှိုက် ပင် အော်ငိုနေတယ်..။ ဝမ်းဗိုက်ကို ဖိကိုင်လိုက်တိုင်း သူ့မျက်ရည်များက အတော မသတ်နိုင်တော့..။ ဘာလို့လဲ..? ဘာလို့ခုလို ကံတရားမျိုး ဖြစ်ရတာလဲ ကလေးရယ်..။
VOUS LISEZ
" ရာပန်းဆီ " [[COMPLETED]]✔
Fiction Historique❗ZSWWSZD ❗ ZhanYi Fanfic ငါကိုယ်တော်ရဲ့ ဆန္ဒက ခမည်းတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲ ဝမ် /ရေှာင်းကျန့်/ အရှင်နဲ့ ဆုံစည်းခွင့်ပေးတဲ့ ကံတရားကိုပဲ အပြစ်တင်ချင်တယ်..။ /ဝမ်ရိပေါ်/ Ownstory Sanaymoeswe