ရာပန်းဆီ___🌹
_________အချိန်တွေက မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့သည်..။ ရှောင်းကျန့်ကတော့ မနက်ပိုင်း ညီလာခံကို မှန်မှန်တတ်ကာ အမတ်တွေရဲ့ အကြံပြုချက်ကိုလည်း နားထောင်သလို ရှောင်းနိုင်ငံရဲ့ ကုန်သွယ်ရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်လျက်ရှိသည်..။
သို့ပေမဲ့..
ညနေဘက်ဆိုရင်တော့ ရှောင်းဧကရာဇ် ဟာ အရူးတစ်ယောက်လို ရောဂါရင့်သည်..။ မက်မွန်ပင်အို အောက်မှာ တစ်ယောက်တည်း သေရည် သောက်နေတတ်ကာ ငိုလိုက် ၊ ရယ်လိုက် စကားပြောလိုက်နှင့်..။ မယ်တော်ကြီးနေထိုင်ရာ ထောင်ဟွားနန်းဆောင်ဘက်မို့ နန်းတွင်းသူ/သားတွေကို သွားလာခွင့် ပိတ်ထားလို့ တော်သေးသည်..။မဟုတ်ရင် ရာဇအိန္ဒြေပျက်ပြားနေသော ဧကရာဇ်ကို သူတို့အားလုံး တွေ့မြင်နိုင်လိမ့်မည်..။ ခုလည်းပိုင်တုန်မှာ အခြေအနေကို အဝေးကနေ လှမ်းကြည့်ရင်း သက်ပြင်းချသည်..။ ထို့နောက် ရှောင်းကျန့်ရှိရာသို့ လျောက်သွားလိုက်ပြီး..
" မနက်ဖြန် ရုန်းမင်းသမီး စစ်ပွဲက ပြန်ရောက်မှာပါ သန်ဘက်ခါဆိုရင် မင်းကြီးရဲ့မင်္ဂလာပွဲနေ့ကို ရောက်ပြီ.."
" အင်း "
ခေါင်းငိုက်စိုက် ကျသွားတာလား..?
ခေါင်းညိမ့်လိုက်တာလား မသဲကွဲပဲ ရှောင်းကျန့်ခေါင်းက ငုံ့ကျသွားခဲ့သည်..။ အတော်ကြာမှ ပြန်မော့လာခဲ့ပြီး.." သိတယ် မနက်ဖြန် ရုန်းနိုင်ငံက လူတွေပါ ရောက်လာမှာဆိုတော့ မင်းကိုပဲ တာဝန်ပေးရတော့မယ် ကိုယ်တော်က ဝမ့်ကိုအဖော်လုပ်ပေးရဦးမှာမို့ မအားဘူး "
" ကောင်းပါပြီ "
မူးနေပမေဲ့ တိုင်းရေးပြည်ရေးကိုတော့ အမှားအယွင်းမရှိအောင် ရှောင်းကျန့်က ထိုသို့ပြောနိုင်သည်..။ ထိုင်နေရာမှ သစ်ပင်ပင်စည်ကို ဖက်တွယ်ပြီး ယိမ်းကာယိုင်ကာနဲ့ ထရပ်တော့ ပိုင်တုန် မှာ ကူတွဲပေးရပြန်တယ်..။
" ကျွန်တော်လိုက်ပို့ပေးမယ် "
" အင်း ဝမ့်ဆီသွားမှာ "
မဝေးလှသော အဆောင်မို့ လမ်းသိပ်မလျှောက်လိုက်ရပေ..။ မင်းကြီးအမိန့်ကြောင့် မင်းသား ရုပ်အလောင်းကို ခုချိန်မှာတော့ ကျောက်သလင်းခေါင်းထဲတွင် ထည့်ထားသည်..။
VOUS LISEZ
" ရာပန်းဆီ " [[COMPLETED]]✔
Fiction Historique❗ZSWWSZD ❗ ZhanYi Fanfic ငါကိုယ်တော်ရဲ့ ဆန္ဒက ခမည်းတော်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ပဲ ဝမ် /ရေှာင်းကျန့်/ အရှင်နဲ့ ဆုံစည်းခွင့်ပေးတဲ့ ကံတရားကိုပဲ အပြစ်တင်ချင်တယ်..။ /ဝမ်ရိပေါ်/ Ownstory Sanaymoeswe