သခင်…သခင်ဟာ ပန်းနုရောင် ဝတ်စုံရှည်များသာ ဝတ်ဆင်လေ့ရှိတယ်…
သခင့်မျက်ဝန်းတွေက ပြုံးရယ်လိုက်တိုင်း အယ်မွန်ပုံကွေးသွားတတ်ပြီး
ပါးပြင်ပေါ်မှာလဲ ပါးချိုက်သေးသေးလေးတွေ ပေါ်လာတတ်တယ်…သခင့်နှုတ်ခမ်းတွေက လုံးဝန်းနေပြီး နူးညံနေပုံပေါ်တယ်…
သခင်ဟာ အရှင် တစ်ယောက်ဖြစ်ပါလျက် စားဖိုးဆောင်ကိုသွားပြီး ချက်ပြုတ်ရတာကို ကြိုက်နှစ်သက်တယ်…
သခင်က ယုန်ကလေးတွေကို ချစ်မြတ်နိုးပြီး ဒီအစေခံကိုလဲ ယုန်တစ်ကောင်လို ခေါင်းကို ပွတ်သတ်ပေး တတ်တယ် … အဲ့တာကို ဒီအစေခံကလဲ သဘောကျမိတယ်…
သခင်က ပျော်ရွင်တတ်ကြွနေတတ်တဲ့ ပုံစံကိုသာ ပြလေ့ရှိတယ်…
သခင် ကြေကွဲလို့ ဝမ်းနည်းလာတဲ့အချိန် ဘယ်နေရာမှာများ စိတ်ကို အားတင်းလို့ ဖြေလျော့နေခဲ့သလဲ..
ဒီက အစေခံက စိတ်ပူတယ်…ဒီအစေခံက သခင်ရဲ့ ဝမ်းနည်းမှုတွေ ဖြေလျော့ပေးနိုင်မယ့် သခင်ရဲ့ မျက်ရည်တွေကျနိုင်တဲ့ ပုခုံးတစ်ဖက်ပေးချင်တယ်…
သခင်ရဲ့ တအစ်အစ်နဲ့ ရယ်မောတတ်တဲ့ အသံလေးကို သာ ကြားချင်မိတယ်..
ဒီအစေခံရဲ့ နှလုံးသားထဲ အတွေးတွေထဲမှာ အမြဲတမ်း သခင့်အကြောင်းတွေ အပြည့်ပဲ…
သခင်က သိပ့်ကို စိုးမိုးနိင်လွန်းတယ်…
ခြေသံတွေကြားလို့ ဒီအစေခံက ရေးလက်စစာကို ရပ်ပြီး အနောက်ကို လှည့်ကြည့်လိုက်တယ် ..
သခင်ဟာ ဒီအစေခံဆီကို လျောက်လို့လာနေတယ်…
“ သခင် ဘာများ အလိုရှိပါသလဲ”
“ အမ်း ကိုယ်တော် ရေတစ်ခွက်လောက် သောက်ချင်မိတယ်”
“ ဒီက အစေခံက အမြန်သွားပြီး သခင့်အတွက် ဆက်သပါ့မယ်…”
သခင့်အတွက် ရေကို ယူနေတုန်း သခင်က ဒီအစေခံကို စိုက်ကြည့်နေတယ်…
သခင်ဟာ သက်ပြင်းချပြီး ခေါင်းကို ခါကာ ဒီက အစေခံကို စ်ိုက်ကြည့်နေလေတယ်…