!!! Mature on...
"ဂျောင်ကု ah.... ငါ ... ငါ..."
မောင့် အသည်းအသက် ရဲ့ ငိုရှိုက်နေသံနဲ့ ဖုန်းခေါ်တော့ မင်းရှိရာကို မောင် အမြန်ပြေးလာခဲ့တာ....
မောင် ရောက်တဲ့အချိန်မှာ မောင့်ဂျစ်တူးက ဓားတစ်လက်ကိုင်ထားတယ်... ဓားကနေလည်း သွေးတွေ တစ်စက်ပြီး တစ်စက်ကျနေခဲ့တယ်...
ဂျစ်တူးလေးရဲ့ ရှေ့မှာလဲ လူတစ်ယောက်လဲနေတယ် သွေးတွေလဲ အိုင်ထွန်းလို့......
ဂျစ်တူးကတော့ ဂျောင်မှာထိုင်ပြီး တဆတ်ဆတ်တုန်နေတယ်...
မောင် မင်းဆီပြေးလာပြီး ပွေ့ဖက်လိုက်တယ်...
မောင့်ဂျစ်တူး မျက်နှာမှာ ဒဏ်ရာတွေ့ တွေ့ရပြန်ပြီ... အဲ့လူမင်းကို ရိုက်ပြန်ပြီလား...
ငယ်ငယ်ထဲက စိတ်ဒဏ်ရာတွေ ပေးခဲ့ပြီး မင်း အမေ့လဲ ဆုံးသွားရော ပျောက်သွားတဲ့ လူက ခုမှ ပြန်ပေါ်လာပြီး မင်းကို ထပ်လာရိုက်တယ်တဲ့လား...
မောင့်ဂျစ်တူး မှန်တယ်... အဲ့လူသေသင့်တယ်...
မောင် မင်းကို စိတ်ငြိမ်သွားအောင် ပွေ့ဖက်ပြီးတော့ မင်းလက်ထဲက ဓားကို ယူလိုက်တယ်...
ဓားကိုကိုင်ပြီး ထိုလူဆီသွားတယ်... မှောက်လျက်ဖြစ်နေတဲ့ အဲ့လူကို ပက်လက်လန်လိုက်ပြီး နှလုံးသားတဲ့တဲ့ကို မောင် ဓားကို စိုက်ချလိုက်တယ်...
အခုဆိုရင် မောင်နဲ့ ဂျစ်တူးက အဲ့လူကို တူတူသတ်တာ ဖြစ်သွားပြီ...
ဂျစ်တူးက မောင့်လုပ်ရပ်ကို တအံတဩနဲ့ ကြည့်နေတယ်... မောင်ရယ်လိုက်မိတယ်...
ဘာအံဩစရာ ရှိလို့လဲ... မောင်က ဘယ်လိုပုံစံနဲ့ ဖြစ်ဖြစ် မောင့်ဂျစ်တူးနဲ့ တူတူရှိနေမှာ...
မောင် မင်းလက်ကို ဆွဲကာ အပြင်ကို ခေါ်ထုတ်လာခဲ့တယ်... မင်းကို ခေါ်ပြီးပင်လယ်ရှိရာကို မောင်းလိုက်တယ်...
ပင်လယ်ကို မြင်ရတဲ့ နေရာရောက်တော့ မင်းက ကားခါးပတ်တွေကို ချွတ်ပြီး မောင့်ကို ကားနောက်ခန်းကို လာဖို့ပြောတယ်....
မောင့် ဂျစ်တူးကတော့ မောင့်ဂျစ်တူးလေးပါပဲကွာ...
မောင် မင်းလိုချင်တာကို သိတာပေါ့...
မင်းက မောင့်နှုတ်ခမ်းတွေကို အသည်းအသန်နမ်းတယ်...
ဘာတွေလောနေတာလဲ ဂျစ်တူးလေးရယ်.. မောင်က မင်းလိုချင်တာ အကုန်ပေးမှာပါ...
မောင်ဂျစ်တူးက ကျဉ်းကြပ်နေတဲ့ နေရာတွေမှာ လုပ်ရတာ သဘောကျတယ်...
မောင်က မင်းနေရခက်မှာဆိုးလို့ ကျယ်ဝန်းတဲ့ နေရာတွေမှာ လုပ်ချင်ပေမယ့် မင်းကပြောတယ်...
"ဟင့်အင်း မောင်... ငါမင်းနဲ့ တစ်လက်မလေးတောင် မခွာချင်ဘူး... မင်းရဲ့ တကိုယ်လုံးက ငါနဲ့ထိကပ်နေတာ လိုချင်တာ... မောင်ရယ် ငါဆီကို ပိုတိုးလာပါဦး"
မောင့်ဂျစ်တူး ဘယ်လောက်ဆိုးလိုက်လဲ...
မောင်လဲ မင်းနဲ့ နည်းနည်းမှ မခွဲချင်ပါဘူး....
အခုလဲ မောင့်ကို အတင်းဆွဲကပ်နေပြန်ပြီ... မင်းရဲ့ အနက်ရှိုင်းဆုံးရောက်အောင် တိုးဝင်ခိုင်းပြန်ပြီ...
မောင်ကတော့ မေးစရာမလိုအောင် အရမ်းကြိုက်တာပေါ့... ဂျစ်တူးလေး သဘောကျပါပဲ...
ချွေးတွေရွဲနေတဲ့ မောင့်ကလေးလေးက အရမ်းလှတာပဲ....
မောင်တို့ တစ်ညလုံး ပွေ့ဖက်နေမိကြတယ်... မင်းလဲ စကားတွေမဆိုသလို.. မောင်လဲ စကားမပြောမိဘူး...
မောင်တို့က အကြည့်နဲ့တွင် နားလည်နိုင်တယ်လေ...
မောင့်ဂျစ်တူးလေး ဘာမှ မပူနဲ့ ....
မိုးလင်းခါနီးတော့ မင်းက ကားကို မင်းမောင်းချင်တယ်တဲ့... အကုန်မင်းသဘောပါဘဲ...
မောင်တို့ ပင်လယ်ပတ်လမ်းကို မောင်းနေရင်း မောင်တို့ကားနောက်မှာ ကားသံတွေကြားလာရတယ်....
ထိုကားတွေကလဲ မောင်တို့ကားကို ရပ်ဖို့ပြောနေကြတယ်... ကားတွေဆီကလဲ တဝီဝီအသံတွေညံလို့...
ဂျစ်တူးက မောင့်ကို လှည့်ကြည့်တယ်.... မောင်လဲ ခေါင်းညိမ့်ပြလိုက်တယ်...
မင်းက ကားမောင်းနေတဲ့ လက်နှစ်ဖက်ကိုလွှတ်လိုက်တယ်... မောင်က မင်းလက်ကို ယူလိုက်ပြီး... တင်းတင်းလေးဆုပ်ကိုင်တယ်...
ဂျစ်တူးလေးကလဲ မောင့်လက်ကို တင်းတင်းပြန်ကိုင်ပြီး ပြုံးပြတယ်...
ဘာမှ မပူနဲ့... မောင့်ဂျစ်တူးလေး.... ဘယ်နေရာဖြစ်ဖြစ် မောင်က မင်းနဲ့ အမြဲမခွဲအတူတူရှိနေမှာ......
.......................................🌸
20241013 (12:40 AM)
ညသန်းခေါင် အတွေးပေါ် ထရေး... ညညဆို ထဖောက်ချင်တဲ့ ဒီကလူလေး....