ဒီနှစ်ရဲ့ ပထမဆုံးနှင်းတွေ ကျနေပြီ…
ဟိုမှာ ဒီမှာ ခရစ်စမတ်သစ်ပင်တွေ အရောင်တလက်လက်နဲ့ အပြိုင်တောက်ပနေကျပြီ…
ချစ်တဲ့ သူတွေ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး တီးတိုးစကားတွေပြောလို့ ခရစ်စမတ်ကို ပျော်ရွင်စွာ ဆင်နွဲနေကျတယ်…
ဒါပေမဲ့ ငါအတွက်ကျတော့ဘယ်မှာလဲ..
ငါတစ်ယောက်တည်း ထီးထီးကြီး ရပ်နေမိပြီးတော့ အရှေ့မှာ နီနီရဲရဲဝတ်စုံကို ဝတ်ထားပြီး ကလေးတွေကို လိမ်ညာနေတဲ့ စန်တာ ဝတုတ်ကြီးကို ကြည့်နေမိတယ်…
ဂျောင်ကု စန်တာ ဆိုတာ တကယ်မရှိပါဘူးးး
ရှိခဲ့ရင် ငါပြင်းပြင်းပျပျတောင်းဆိုနေတာကို သူဖြည့်ပေးရမှာပေါ့
ဒါပေမဲ့ ဂျောင်ကု မင်းက ငါ့အနားမှာ မရှိဘူးးး
အဲ့တော့ စန်တာ ဆိုတာကို ငါမယုံဘူးးး
ငါ လိမ်ညာနေတဲ့ မြင်ကွင်းတွေကို ကြည့်ပြီး ငါတို့နှစ်ယောက်နေခဲ့တဲ့ တိုက်ခန်းလေးကို ပြန်ရောက်ပြီ…
ဒီနေရာကတော့ အစစ်အမှန်ပဲ မင်းရဲ့ အငွေ့အသက်တွေရှိနေတဲ့ ငါအတွက် စစ်မှန်တဲ့ နေရာပဲ…
တိုက်ခန်းရဲ့ လူခေါ်ခေါင်းလောင်းသံကို ကြားတယ်..
အရင်လိုပဲ မင်းငါ့အတွက် ခရစ်စမတ်လက်ဆောင်တွေ ပို့ပေးလိုက်ပြန်ပြီ…
ဒါပေမဲ့ ဂျောင်ကု ငါလိုချင်တာ လက်ဆောင်မဟုတ်ဘူးး
ငါတို့ နှစ်ယောက်ရဲ့ ရှေ့ရေးအတွက်ဆိုပြီး မင်းက ထွက်သွားခဲ့တယ်…
ဒါပေမဲ့ ဂျောင်ကု ငါက မင်းရှိနေယုံနဲ့ လုံလောက်တာ မင်းက မသိဘူးလား
ငါသာ တီဗီမှာ လာနေတဲ့ အယ်လ်ဆာ ဖြစ်ခဲ့ရင်လေ မင်းကို မြောက်ဝင်ရိုးစွန်းကို ခေါ်သွားမယ် ..
ခြေထောက်တစ်ဖက်က်ို စောင့်နင်းလိုက်ပြီး ရေခဲနန်းတော်ကြီး တည်ဆောက်မယ်..
အဲ့မှာ မင်းကို ဘယ်မှမသွားနိုင်အောင် ချည်နှောင်ထားပြီး ငါအနမ်းတွေနဲ့ အပြစ်ပေးလိုက်ချင်တယ်..ဒါပေမဲ့ အခုငါက ဂျို နှစ်ဖက်ပါတဲ့ သမင်ကောင်လိုပဲ အယ်လ်မာတို့ အတွဲ ရိုတာကို ထိုင်ကြည့်နေရတယ်…
ဟင်း...
ငါ့အတွက် နှင်းတွေမလိုဘူး
ငါ့အတွက် လက်ဆောင်မလိုဘူး
ငါ့အတွက် ခရစ်စမတ်သစ်ပင်တွေ မလိုဘူး
ငါ့အတွက်စန်တာ မလိုဘူး
ငါ့ အတွက်…
၁၂နာရီထိုးဖို့ ၅မိနစ်လိုတဲ့ အချိန်မှာ ပုံမှန်လို ပဲ မင်းဆီက ဖုန်းဝင်လာပြီ…
“hello”
“ ငါပေးတဲ့ လက်ဆောင်တွေ ရပြီလား”
“ အင်း”
“ ကြိုက်လား”
“အင်း”
“ မကြိုက်ဘူးလား အသံက ဘယ်လိုဖြစ်နေတာလဲ”
“ကြိုက်ပါတယ်ဆို..”
“ ဟဟ ကိုယ့်ရဲ့ ဘေဘ်ီလေး ဘာတွေ စိတ်ကောက်နေပြန်ပြီလား”
“ ဘာ ဘေဘီလဲ ငါမင်းထက် ကြီးတယ်နော်”
“ ဟုတ်ပါပြီ ကိုယ့်ကိုပြောပါဦး ဂျင်လေးရဲ့ ကိုယ့်အချစ်ဆုံးရဲ့ ဘာလိုချင်လို့လဲ ကိုယ်အကုန်ပေးမယ်”
“….”
“ တကယ်ပြောတာ ခရစ်စမတ်လက်ဆောင်အဖြစ် ဘာလိုချင်လဲ ကိုယ့်ကိုသာပြော အချစ်လိုချင်တာ အကုန်ပေးမယ်”
“ ငါလို ချင်တာ…”
“ အင်း ဆက်ပြောလေ”
“ ငါလိုချင်တာ မင်း”
“…..”
“ဟယ်လို ဂျောင်ကု! …”
တီးတောင်…
“ အာ ဂျောင်ကု ခဏလေး အရှေ့ မှာ လူခေါ် bell တီးနေလို့…”
ဘယ်သူလဲ!!
ငါတံခါးကို ဖွင့်ကြည့်လိုက်တော့ …
“Merry Christmas!!!!”
ဟင် ဂျောင်ကု မင်းပဲ…
“ ဘာတွေ ကြောင်ကြည့်နေတာလဲ မင်းပဲ ငါ့ကို လိုချင်တယ်ဆို လာယူလေ”
မင်းရဲ့ အေးစက်နေတဲ့ လက်တွေက ငါ့ရဲ့ ခါးကို ဆွဲယူပြီး မင်းရဲ့ ရင်ခွင်ထဲ့ကို ဆွဲထည့်လိုက်တယ်..
မင်းရဲ့ ရင်ခွင်က နွေးထွေးလိုက်တာ မင်း ငါ့ဆီ ပြန်လာပြီပဲ…
မထိတွေ့တာ ကြာပြီဖြစ်တဲ့ မင်းရဲ့ နှုတ်ခမ်းတွေက အနမ်းတွေကို ခံယူပြီး ငါတစ်ခုတွေးဖြစ်တယ်…
စန်တာက တကယ်ရှိတယ်ထင်တယ်..
ဒါပေမဲ့ ငါဒီလောက်အကြာကြီး ဆုတောင်းလာတာကို အခုမှ ဖြည့်ပေးတဲ့ စန်တာ က နည်းနည်း တော့ စိတ်ပုတ်တယ်…
ဒါပေမဲ့ ငါပျော်နေလို့ ခွင့်လွတ်ပေးလိုက်မယ်….
The End
❤💜
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~