Unicode
ထိုအချိန်၌ ချီယွိရဲ့နှလုံးသားထဲ၌ ဆိုးညစ်သည့်အတွေးများဖြင့် ပြည့်နှက်လာခဲ့တော့တယ်။ ချီမိသားစုရဲ့ မတရားဖိနှိပ်ခံခဲ့အချိန်ကို ပြန်လည်ရောက်ရှိသွားသည့်အလား သူ့ရဲ့စိတ်ခံစားချက်တွေကို အမှောင်ဓာတ်များက ဖုံးလွှမ်းသွားခဲ့တော့၏။
ထိုအချိန်တုန်းက သူ့ရဲ့မျက်နှာက အမူအယာကင်းမဲ့နေပေမယ့် သူ့ရဲ့စိတ်ထဲမှာ ချီမိသားစုကိုဖျက်ဆီးပစ်ဖို့ အတွေးတွေနဲ့ပဲ ဖုံးလွှမ်းနေခဲ့တယ်။ ချီမိသားစုကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲ..? သူ့ကိုယ်တိုင် အင်အားကြီးလာအောင် ဘဘ်လိုလုပ်ရမလဲ..? ချီမိသားစုကို ဘယ်လိုဖျက်ဆီးပစ်ရမလဲ..?
ပြီးတော့ သူ့အတွက် တစ်စုံတစ်ယောက်ကိုဖမ်းဆုပ်ထားချင်မိတာ ပထမဆုံးအကြိမ်ပဲ။ သူမလေးကို သူ့ရဲ့အနားမှာ သိမ်းထားချင်မိတယ်။
ချီယွိရဲ့မျက်တောင်များက လှုပ်ခတ်သွားခဲ့ပြီး ထူထဲရှည်လျားသည့်မျက်တောင်တွေအောက် သူ့ရဲ့စိတ်ရိုင်းများကို ဖုံးကွယ်ပစ်လိုက်တယ်။ နဉ်မုန့်လေးက သူ့လက်မောင်းကြားကနေ ထွက်ခွာမသွားခင်အချိန်အထိပေါ့။ သူမက မိုးကြိုးပစ်ခွင်းထားတဲ့ နေရာကိုတလှည့်၊ ချီယွိကိုတလှည့်ကြည့်ပြီး သူမရဲ့မျက်ဝန်းတွေက အထင်ကြီးလေးစားမှုများဖြင့် တောက်ပလာခဲ့တော့တယ်။
“Wow.. ကိုကိုအရမ်းတော်လာတာပဲ..! မိုက်လာတာ..!”
နဉ်မုန့်က ချီယွိရဲ့လက်မောင်းကို ဖက်တွယ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။
ဒီလိုစွမ်းရည်မျိုးနဲ့ လူတွေကိုရိုက်နှက်လို့ရရင် ဆန်ကုန်မြေလေးတွေ လောကမှာကျန်ရစ်မှာမဟုတ်တော့ဘူး..! Host မလုပ်နိုင်မှာကို စိုးရိမ်နေခဲ့ရတာ..!
နဉ်မုန့်တစ်ယောက် စိတ်လှုပ်ရှားလွန်းလို့ ချီယွိရဲ့ဘေးမှာ ခုန်ပေါက်နေရောပဲ။ ထို့အပြင် ချီယွိရဲ့လက်မောင်းကို သူမရဲ့လက်နှစ်ဖက်နဲ သေသေချာချာဆုပ်ကိုင်ထားသေးတာကြောင့် နူးညံ့နွေးထွေးတဲ့ခံစားချက်တွေက ချီယွိရဲ့နှလုံးသားထဲကို တိုးဝင်လာခဲ့တော့တယ်။
YOU ARE READING
နတ်ဘုရားအဆင့်host၏အချစ်တော်system Arc 3
FantasyGod Level Quick wear: Sick host ask for light pet Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ transalationဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ် Normal systemပါ male lead က hostျဖစ္ၿပီး female leadက systemေလးပါ transalation...