Unicode
Dr.ကျန်းနဲ့ နဉ်မုန့်မရှိတော့တာကို ပထမဆုံးသတိထားမိလိုက်တဲ့လူက ချီယွိပဲ။
ကားရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး အနီရောင်သွေးကွက်နဲ့ မြေပြင်ပေါ်မှာ ပြုတ်ကျနေခဲ့တဲ့ ဓားတစ်ချောင်းကို မမှိတ်မသုန်စိုက်ကြည့်ရင်း သူ့ရဲ့အမူအယာက မှောင်မိုက်လာတော့တယ်။
သန္ဓေပြောင်းဇွန်ဘီတွေနဲ့ တိုက်ခိုက်နေစဉ်မှာ သူ့ရဲ့ခန္ဓာကိုယ်က တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားလိုက်ရတယ်။ ဒီခံစားချက်က အရမ်းထူးဆန်းလွန်းနေပြီး ဇွန်ဘီတွေနဲ့တိုက်ခိုက်နေခဲ့တာကြောင့် ဘာမှမတွေးနိုင်ခင်မှာပဲ ပျောက်ကွယ်သွားခဲ့ပြန်တယ်။ ဒါပေမဲ့ ဦးတည်ရာမဲ့ပြေးလွှားနေတဲ့ ဇွန်ဘီတွေကိုကြည့်ရင်း ချီယွိလည်း တစ်စုံတစ်ရာကို တွေးမိသွားခဲ့တယ်။
အဲ့တာကြောင့် ကားအနားကို အမြန်ပြေးလာခဲ့ပေမယ့် သူ့ရဲ့ System လေးက ပျောက်ဆုံးသွားခဲ့လေပြီ။
ချီယွိရဲ့အမူအယာကိုကြည့်ပြီး ဆုရှုနဲ့မော့ရှုန်းလည်း အရာရာကို အကဲခတ်မိသွားခဲ့တယ်။ တပ်ဖွဲ့ဝင်တိုင်းက ဉာဏ်ကောင်းကြတော့ ဒီရက်ပိုင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဆက်စပ်တွေးကြည့်ရင်း နားလည်သွားခဲ့တယ်။
သူတို့ရဲ့ခရီးက သိပ်ပြီးမချောမွေ့ခဲ့ပေမယ့် သန္ဓေပြောင်းဇွန်ဘီတွေနဲ့ ဒီလောက်အများကြီး မကြုံတွေ့ခဲ့ရဘူး။ ဒါပေမဲ့ မနေ့ညကတစ်ကြိမ်၊ အခုတစ်ကြိမ် များပြားလှတဲ့ သန္ဓေပြောင်းဇွန်ဘီတွေက သူတို့တွေကို ဝန်းရံတိုက်ခိုက်ခဲ့တယ်။ သေချာပေါက် တစ်စုံတစ်ယောက်က ထိန်းချုပ်နေခဲ့တာပဲ။
ဒီရက်ပိုင်းတွေမှာ ဇွန်ဘီတွေကို ထိန်းချုပ်နေခဲ့တဲ့လူကို တွေးကြည့်နေခဲ့ပေမယ့် စဉ်းစားလို့မရခဲ့ဘူး။ အခုတော့ နောက်ကွယ်ကလူကိုမှ ကယ်တင်မိခဲ့တာလား..!
“ခေါင်းဆောင်..”
မော့ရှုန်းက သတ္တိမွေးပြီး ချီယွိအနားကို လျှောက်သွားလိုက်တယ်။ ဒါပေမဲ့ ချီယွိကို စကားပြောဖို့ပြင်လိုက်တဲ့အချိန် ချီယွိက နောက်လှည့်လာခဲ့ပြီး ဇွန်ဘီရဲ့သွေးတွေပေနေတဲ့ဓားကို ချီခယ့်ရဲ့လည်ပင်းပေါ် တင်လိုက်လေ၏။
YOU ARE READING
နတ်ဘုရားအဆင့်host၏အချစ်တော်system Arc 3
FantasyGod Level Quick wear: Sick host ask for light pet Normal systemပါ male lead က hostဖြစ်ပြီး female leadက systemလေးပါ transalationဖြစ်ပါတယ် 1104ပိုင်းနဲ့completeဖြစ်ပါတယ် Normal systemပါ male lead က hostျဖစ္ၿပီး female leadက systemေလးပါ transalation...