Arc 3.46

1.6K 205 2
                                    

Unicode

Dr.ကျန်းရဲ့မေးခွန်းကို ချီခယ့်က ပြန်မဖြေခဲ့ဘူး။ ပြောရမယ်ဆိုရင် ချီခယ့်က နဉ်မုန့်မေးသမျှကို ပြန်ဖြေခဲ့ပေမယ့် ချီယွိနဲ့ဆုရှုတို့ကိုတောင် လိုအပ်မှပြန်ဖြေတတ်တာလေ။ တခြားလူတွေကိုဆိုရင် လှည့်တောင်မကြည့်တတ်ဘူး။

ပြီးတော့ Star Base မှာတုန်းက ချီခယ့်ရဲ့အကူအညီကို တပ်ဖွဲ့ဝင်တွေက ကျေးဇူးတင်တယ်ဆိုပေမယ့် သူ့ရဲ့အေးစက်စက်အမူအယာကြောင့် စကားမပြောရဲကြဘူး။ အဖွဲ့တစ်ခုလုံးမှာ ချီခယ့်နဲ့စကားပြောတဲ့လူဆိုလို့ နဉ်မုန့်၊ ချီယွိနဲ့ ဆုရှု၊ ဒီသုံးယောက်ပဲရှိတယ်။

အခုလည်း Dr.ကျန်းရဲ့မေးခွန်းကြောင့် ချီခယ့်ရဲ့မျက်ဝန်းက တခနမျှမည်းနက်သွားခဲ့ပေမယ့် အဝေးကိုအကြည့်လိုက်လိုက်တယ်။ သူ့ကြည့်ရတာ ပြန်ဖြေဖို့ အစီအစဉ်ရှိပုံမပေါ်ဘူး။

ဘေးနားမှာထိုင်နေတဲ့နဉ်မုန့်က မေးထောက်လိုက်ပြီး ချီခယ့်အနားမှာထိုင်နေတဲ့ Dr.ကျန်းကို လှည့်ကြည့်လိုက်တယ်။ Dr.ကျန်းက ချီခယ့်အနားမှာ ထိုင်နေတာဆိုတော့ Dr.ကျန်းရဲ့မေးခွန်းကို သူမ,ဖြေစရာမလိုဘူး။

လူနှစ်ယောက်ရဲ့ လျစ်လျူရှုခြင်းခံနေရပေမယ့် Dr.ကျန်းရဲ့အမူအယာက နည်းနည်းလေးတောင် ရှက်သွားတဲ့ပုံမပေါ်ဘူး။ သူ့ရဲ့မျက်နှာက သိမ်မွေ့တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲထားဆဲ။ နဉ်မုန့်က သူ့ကိုလှည့်ကြည့်လာတာကြောင့် Dr.ကျန်းက အသာအယာပြုံးပြလိုက်ပြီး မေးလိုက်တယ်.

“မင်းနာမည်က ကျွင်းနင်မလား..? ဘာလို့ ဦးလေးကိုစိုက်ကြည့်နေတာလဲ..?”

“မဟုတ်.. မဟုတ်ပါဘူး..”

နဉ်ရှုက ကပျာကယာ အကြည့်လွှဲလိုက်ပြီး ထိတ်လန့်သွားတဲ့ ဟမ်းစတားလေးလို ငြင်းဆန်လိုက်တယ်။

Dr.ကျန်းကတော့ ပြုံးရုံသာ ပြုံးနေခဲ့ပြီး ဘာစကားမှ ထပ်မပြောတော့ဘူး။ ဒီအဖွဲ့နဲ့ပြန်လာတဲ့လမ်းတစ်လျှောက် ချီခယ့်ရဲ့ သူများနဲ့မတူတဲ့အချက်၊ ပြီးတော့ ကလေးလေးလို ဖြူစင်တဲ့ နဉ်မုန့်အကြောင်းကို သူသိပြီးသားပဲ။ ဒါပေမဲ့ စက္ကန့်အနည်းငယ်ကြာတော့ အနည်းငယ်တုံ့ဆိုင်းနေတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။

နတ်ဘုရားအဆင့်host၏အချစ်​တော်system Arc 3Where stories live. Discover now