⚠️ အသက်ပြည့်မှ ဖတ်စေချင်ပါတယ် ⚠️
ဝမ်ရိပေါ် ရင်ထဲမှာ လိပ်ပြာလေးတွေကူးလူးနေသလို ခံစားနေရတယ်။ သူ့အနေနဲ့ ဒီလူသားကို သည်မျှလောက်ချစ်မိသွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ရှောင်းကျန့်က သူ့အတွက်တော့ စွဲလမ်းစေတဲ့ ကဖင်း caffeine ဓါတ်လေးတစ်ခုပဲ။ တစ်ခါသုံးမိရုံနဲ့ သေရာပါစွဲမိစေမယ့် ဓါတ်ကလေး။ ဘေးနားမှာခုထိမထနိုင်သေးတဲ့ ယုန်ပေါက်ကလေးရဲ့ကျောပြင်ကို ပြင်းပြင်းပြပြနမ်းရှုပ်လိုက်ပြီး ရင်ခွဲထဲဆွဲသွင်းလိုက်တယ်။
ကိုယ်ပေါ်မှာ တစ်စုံတစ်ခုကလာရောက်ဖိထားသလိုခံစားရတာကြောင့် ရှောင်းကျန့်နိုးလာရတယ်။ မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက ကျွန်းစားပွဲခုံလေးတစ်ခုနဲ့ အဲကွန်းရိမုဒ်လေးတစ်ခု။ နေပါအုံး အခန်းကဘာလို့ပြောင်းလဲနေရတာလဲ။"နိုးပြီလား ပေါင်ပေါင်း"
နောက်ကျောဆီမှထွက်လာတဲ့ အသံကြောင့်အလန့်တကြား လှည့်ကြည့်မိခါမှ ဖြစ်သမျှအလုံးစုံကို သူပြန်မှတ်မိသွားတော့တယ်။ WTF!!! မနေ့ကဆိုဖာပေါ်ကနေ အိပ်ရာပေါ်ထိသူတို့ဘယ်လိုတောင်!!!!" ဝမ်ရိပေါ် .. မင်း ..အာ့..."
ရှက်စိတ်နဲ့ဒေါသစိတ်ရောပြီးလှမ်းအော်ဖို့ကြိုးစားပေမယ့် ဘေးတစ်စောင်းလှဲနေတာကြာပြီရယ် မနေ့ကဒဏ်တွေရယ်ကြောင့် ခါးနားကဆစ်ကနဲနာသွားတာကြောင့် ပြီးအောင်ပင်မအော်လိုက်ရ။
"စိတ်ကြီးပဲ ပေါင်ပေါင်းရာ ... လာဖက်ပါအုံး..လာ.."
လက်ကိုဆန့်တန်းကာရင်ခွင်ထဲလာရန်ခေါ်နေသော ဝမ်ဆိုးဆိုးကို မျက်စောင်းတစ်ချက်ထိုးရင်း ရင်ခွင်ထဲပစ်ဝင်လိုက်သည်။ သူအိပ်ရေးမဝသေးဘူး။