အပိုင်း-(၂)

2.3K 265 21
                                    

Unicode


ထမင်းစားနားချိန်ဖြစ်တာကြောင့် အော်ဒါတွေကလည်း များလွန်းလှသည်။ မနားတမ်းတောက်လျှောက်ပို့နေတာကို အားလုံးမပြီးသေး။ ဒီနေ့မှ အတူအလုပ်လုပ်တဲ့သူကလဲ ခွင့်ယူထားတာကြောင့် ထယ်ယောင်းတယောက်တည်း ဟိုပြေးဒီပြေးနဲ့ ယောက်ယက်ခတ်နေရသည်။

သူဌေးမှာလည်း လူမရှိတဲ့ကြားထဲက ခွင့်ယူသွားသော ဝန်ထမ်းကို စိတ်တိုတိုနှင့် အနားရှိသော ထယ်ယောင်းကိုသာ ဖိအော်နေရသည်။

" ထယ်ယောင်းရေ ... ဒီပဲခေါက်ဆွဲနဲ့ ဖက်ထုပ်တွေက ပို့နေကျ The One ကုမ္ပဏီအတွက် .. ဒီ ကြက်ကြော်ဘူးတွေက ဟိုဘက်လမ်းက အိမ်နံပါတ် 32 .... ဒါကတော့ ×××× "

သူ့ ဆိုင်ကယ်နောက်မှာတင်ထားသော အစားအသောက်ထည့်တဲ့ပုံးထဲ‌သို့ တတွတ်တွတ် မှာကြားရင်း ထည့်ပေးနေသော သူ‌ဌေးကိုကြည့်ရင်း သူပါမောလာရသည်။

" ပို့ရမဲ့နေရာတွေများတာ သိပေ့မဲ့ အတတ်နိုင်ဆုံးတော့ မြန်အောင်သွားကွာ ... အော်ဒါကြာတယ်ဆိုပြီး bad review တွေတင်ခံရင် သွားပြီ .... ဒီခေတ်ရဲ့ social media တွေက ကြောက်ဖို့ကောင်းတယ် .... သိတယ်မလား "

" စိတ်ချပါ ... ကျွန်တော့် အမြန်နှုန်းကိုသိတယ်မလား ... ဒီနေ့အတွက် လုပ်အားခ နှစ်ဆပေးဖို့သာ စဉ်းစားထား "

" ဟုတ်ပြီလေ ... ဒီနေ့က မင်းနေ့ပဲ "

လက်ညိုးနဲ့ လက်မကို ဝိုင်းကာ သူဌေးကို ပြုံးပြလိုက်ပြီးနောက် ထယ်ယောင်းရဲ့ဆိုင်ကယ်လေးက အရှိန်နဲ့ လမ်းမကြီးဆီ ဦးတည်ခဲ့သည်။

လစာအများကြီးမရပေ့မဲ့ သူတကိုယ်စာ လုံလောက်တဲ့ ဒီအလုပ်လေးကို သူသဘောကျပါသည်။ ပွစိပွစိပြောတတ်သော်လည်း စိတ်ထားကောင်းတဲ့ သူဌေးကြောင့် အလုပ်လုပ်ရတာလည်း ပေါ့ပေါ့ပါးပါးပင်။ သူတို့ဆိုင်က အစားအစာတွေက အရသာကောင်းတဲ့အပြင် ဈေးလဲသင့်တာကြောင့် ခုလို နေ့လည်ခင်းများမှာ ရုံးဝန်ထမ်းတွေအမှာများသလို ဆိုင်မှာလဲ နေရာလွတ်မရှိလောက်အောင် စည်ကားတတ်သည်။

တရိပ်ရိပ်ပြေးနေသော ဆိုင်ကယ်လေးမှာ နေ့လည် တနာရီထိုးချိန်မှာတော့ အားလုံးကိုပို့ပြီးသွားခဲ့သည်။ ဆာလောင်နေတဲ့ဗိုက်ကလည်း အချက်ပြနေပြီမို့ ဆိုင်သို့ ခပ်မြန်မြန်ပြန်ရတော့သည်။ သူချိုးဝင်လိုက်တဲ့ လမ်းကြားထဲမှ အမှတ်မထင်ကွေ့လာတဲ့ ကားကြောင့် ထယ်ယောင်းမှာ အရှိန်ကိုအမြန်လျော့ကာ ရပ်လိုက်သော်လည်း ဟန်ချက်ပျက်ကာ ဘေးသို့ လှဲကျသွားရသည်။

BetrayalWhere stories live. Discover now