အခန်း-(၇)

1.6K 179 14
                                    

ငြိမ်သက်နေသောပတ်ဝန်းကျင်က ပို၍ခြောက်ခြားစရာကောင်းလှသည်။ အခန်းအတွင်းတိတ်ဆိတ်လွန်းနေသည်မှာ တယောက်အသက်ရှူသံ တယောက်ကြားရသည်အထိ။

ဒေါသထွက်၍ အော်ဟစ်ပေါက်ကွဲတတ်သည်မှာ ဟယ်အင်းပုံစံမဟုတ်သော်လည်း ယခုအချိန်မှာတော့ သူမတကယ်ကြီး ပေါက်ကွဲစေဖို့ မျှော်လင့်မိသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုဖာပေါ်မှာ ငြိမ်သက်စွာထိုင်နေတဲ့ သူမပုံစံက အေးစက်ကာ ပို၍ ကြောက်စရာကောင်းသည်မို့ပင်။

သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့သူ့အတွက်ကတော့ ခေါင်းငုံ့ကာ ဘာပြောရမှန်းမသိချေ။ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် ပြောစရာစကားမရှိဟူသော ပုံစံအတိုင်းဖြစ်လို့နေသည်။

ဒါယောင်းနဲ့ တနှစ်ကျော်ကြာတွဲပြီးနောက်မှာ ဒီလိုနေ့မျိုးရောက်လို့လာပြီ။

သူမအဖေက ဒါယောင်းနေထိုင်သောတိုက်ခန်းအားသိသွားသောကြောင့် ‌တခြားနေရာတခုအားပြောင်းဖို့ စီစဉ်ရင်း အိပ်ရာခင်းနှင့် တခြား လိုအပ်သော ပရိဘောဂပစ္စည်းတွေဝယ်ချင်သည်ဟု ပူဆာလာသော ထိုကလေးမအား လိုက်ဝယ်ပေးခဲ့သည်။

တိုက်ဆိုင်ချင်တော့ အိမ်ပြင်ထွက်လေ့မရှိတဲ့ဟယ်အင်းနှင့် တည့်တည့်တိုးမိတော့သည်။

ယခုအချိန်‌တွင် သူ့ဘက်မှ စ၍ ဖြေရှင်းသင့်ပါသော်လည်း ဘာပြောရမှန်းမသိဖြစ်လို့နေသည်။ မည်သို့သော စကားလုံးများက ဟယ်အင်းစိတ်ကို ကျေနပ်စေပြီး သူတို့ အိမ်ထောင်ရေးကို ဆက်လက်တည်မြဲစေမည်ဆိုတာကို သူစဉ်းစားနေရပြီ။

" ကွာရှင်းရအောင် "

တိတ်ဆိတ်နေသော အခန်းထဲမှာထွက်လာတဲ့ အေးစက်စက်အသံခပ်တိုးတိုးက သူ့နားထဲတော့ ကျယ်လောင်လွန်းလှသည်။

" မဟုတ်ဘူး ဟယ်အင်း ... ကိုယ်ရှင်းပြပါရစေအုံး "

" ကျွန်မက 'အ'တယ်ဆိုပေ့မဲ့ အရူးတော့မဟုတ်သေးဘူး ... ဒီလိုအခြေ‌အနေက ဘာ ဆိုတာ ကောင်းကောင်းနားလည်ပါသေးတယ် "

" ကိုယ် ဝန်ခံပါတယ် .. မင်းနောက်ကွယ်မှာ တခြားမိန်းကလေးတယောက်နဲ့တွဲနေခဲ့တယ် ... ကိုယ်စိတ်ကို အလိုလိုက်မိတယ် .. တောင်းပန်ပါတယ် ...... "

BetrayalWhere stories live. Discover now