Unicode
ညနေပိုင်း စက်ရုံတချို့ကို လိုက်စစ်ဆေးပြီးနောက်မှာတော့ သူကိုယ်တိုင်လဲ ပင်ပန်းလို့နေပြီဖြစ်သည်။
ရုံးဆင်းရန်အချိန်လည်း သိပ်မလိုတော့တာကြောင့် ကုမ္ပဏီသို့ မဝင်တော့ဘဲ အိမ်ကိုသာပြန်ဖို့ ဒါရိုက်ဘာကိုပြောလိုက်သည်။ရုံးဆင်းချိန်မို့ ယာဉ်လမ်းကြောတွေလဲ အနည်းငယ်ပိတ်လို့နေသည်။ လမ်းတဖက်မှာရှိတဲ့ ကိတ်ဆိုင်သို့ အကြည့်ရောက်သွားတော့ ဟယ်အင်းအတွက် ဝယ်သွားဖို့ စိတ်ကူးမိသည်။
ဟယ်အင်းက သူ့အပေါ်အပြည့်အဝခွင့်လွှတ်မပေးသေးပေ့မဲ့ ပစ်ပစ်ခါခါ ငြင်းမပစ်ဘူးဆိုတာ သိသည်။ ထို့ကြောင့် သူ့အပေါ် ပို၍ အမြင်ကြည်လာရန် ကြိုးစားနေမိသည်။
သူကိတ်ရွေးနေတုန်း အပြင်ကိုလှမ်းကြည့်မိတော့ ပြည့်ကျပ်နေသော ကားတန်းရှည်ကြီးမှာ နည်းနည်းမရွေ့လျားသေး။ သို့နှင့် ချိစ်ကိတ်တချို့ကို စိတ်ကြိုက်ဝယ်ယူပြီးနောက် ဆိုင်ထဲမှ ထွက်ခဲ့လိုက်သည်။
လူသွားစင်္ကြန်မှာ ရှင်းလင်းမနေသလို အရမ်းလဲ ရှုပ်မနေပါချေ။ ဟိုဟိုဒီဒီအရှေ့အနောက်သွားလာနေကြသော လူတွေကြားမှာ ရပ်နေသော တစုံတယောက်ဆီသို့ သူ့အကြည့်ရောက်သွားမိတော့ ခဏတာ ငေးကြည့်မိလိုက်သည်။
သူတွေ့ဖူးသော ထိုကောင်လေးမှာ အရင်လိုပဲ လူငယ်ဆန်ဆန် ကြည့်ကောင်းဆဲပင်ဖြစ်လင့်ကစား မျက်နှာမှာ စိတ်တိုနေဟန် အတိုင်းသား ပေါ်လို့နေသည်။
ယခင်သူ့ဘက်က တင်တင်စီးစီး စကားပြောခဲ့တုန်းကတောင် ဒီလောက် ဒေါသထွက်ခဲ့ပုံမပေါ်။မျက်ခုံးတန်းနှစ်ခုမှာ ထိကပ်လုဖြစ်ကာ တချက်တချက် စိတ်မရှည်စွာဖြင့် နဖူးပေါ်ကျနေသော ဆံပင်များကို လက်ဖြင့် ခပ်ကြမ်းကြမ်းလှန်တင်ပစ်လိုက်သေးသည်။
သူနှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသောသူကတော့ သူနှင့်ဆန့်ကျင်စွာ စိတ်အေးလက်အေးရှိနေဟန်တူသည်။နှုတ်ခမ်းတထော်ထော်နှင့် ရန်တွေ့နေသောထိုကောင်လေးမှာ ရုပ်လေးနှင့်မလိုက်စွာ စိတ်တိုလွယ်တဲ့သူဖြစ်နိုင်သည်။
![](https://img.wattpad.com/cover/296711816-288-k200266.jpg)
YOU ARE READING
Betrayal
Random" သစ္စာမရှိတဲ့သူကို ကျွန်တော်ဘယ်တော့မှချစ်မှာမဟုတ်ဘူး " Taehyung " ကိုယ့်ဘဝမှာ မင်းနဲ့ အရင်ဆုံးဆုံခဲ့မိရင် သစ္စာဖောက်တယ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး " Jung Kook