Part(2)

2K 107 4
                                    

Unicode>>>>>

"သားမာန်ရေ.....သားမာန်"

"သားတိမ်လွှာလေးထိုင်လေသား....ဖေဖေသားကိုကိုကိုခေါ်ပေးမယ်.....ခနနော်သားလေး"

ဦးရဲ၀င်းနိုင်တစ်ယောက် မိုးသားတိမ်လွှာလေးကိုဧည့်ခန်းတွင်ထိုင်စေကာသားမာန်ကိုခေါ်ဖို့အပေါ်ထပ်ကိုတက်ခဲ့သည်

"သားမာန် ....သား"

တွေ့ပါပြီ...သားဖြစ်သူကို

"သား....အောက်ထပ်မှာသားညီလေးရောက်နေပြီ....ညီလေးကိုလာနှုတ်ဆက်ဦးလေကွယ်"

"ဒယ်ဒီ....ဒယ်ဒီ့ကိုကျွန်တော်အပြတ်ပြောပြီးသား
...ကျွန်တော်ဘယ်ညီလေးမှမလိုချင်သလိုဘယ်သူ့ကိုမှလည်းညီလေးအဖြစ်မသတ်မှတ်နိုင်ဘူး"

"မာန်၀င့်ချီ....သားကိုလည်းဒယ်ဒီအတိအကျပြောခဲ့ပြီးသား.....အခုချက်ချင်းသားမာမီရောသားရောဧည့်ခန်းထဲကိုလိုက်ခဲ့ပါ....ဒါဒယ်ဒီ့အမိန့်ပဲ"

ဦးရဲ၀င်းနိုင်ထိုသို့ပြောရင်းထွက်လာခဲ့သည်။
အခန်း၀မှာဒေ၀ီရပ်နားထောင်နေတာတွေ့တော့

"ဒေ၀ီ...သားရောဒေ၀ီရောအခုချက်ချင်းဧည့်ခန်းထဲကိုလာခဲ့ပါ"

စကားပြန်ကိုနားထောင်မနေတော့ဘဲဦးရဲ၀င်းနိုင်တစ်ယောက် မိုးသားတိမ်လွှာလေးထိုင်နေတဲ့ဧည့်ခန်းထဲကိုဆင်းလာခဲ့တယ်

"သားလေး.....ပျင်းနေပြီလားကွ.....သားကိုကိုနဲ့သားမေမေကိုဖေဖေသွားခေါ်နေတာ...ခနနေရင်သူတို့ဆင်းလာလိမ့်မယ်နော်....သားလေး"

"ဟုတ်....ဦးဦး"

"ဟာ....သားလေးရယ်..ဖေဖေလို့ပဲခေါ်ပါကွာ....ဦးဦးလို့မခေါ်နဲ့"

"ဟုတ်.....ဟုတ်....ဖေဖေ"

ထိုစဥ်ဧည့်ခန်းထဲသို့၁၂နှစ်အရွယ်မာန်၀င့်ချီနှင့်ဒေါ်ဒေ၀ီ၀င်လာသည်

"သားမာန်နဲ့ဒေ၀ီ...လာ....ဒယ်ဒီမိတ်ဆက်ပေးမယ်"

"သားလေးတိမ်လွှာ...ဒါသားကိုကိုမာန်၀င့်ချီ.....ဒါမေမေဒေါ်ဒေ၀ီ"

"အို.....ဒေ၀ီသူ့အမေမလုပ်နိုင်ပါဘူး....ဒေ၀ီ့ကိုလည်းသားမာန်လေးကလွဲလို့ဘယ်သူမှအမေအဖြစ်သတ်မှတ်ခွင့်မရှိဘူး"

Doctor Is Mine(ongoing)Where stories live. Discover now