Unicode>>>>
မိုးသားအိမ်ကလာကြိုတဲ့ကားကိုတွေ့တော့ ပြေးသွားလိုက်တယ်။
"ဘာတွေလုပ်လို့ကျောင်းဆင်းတာ၁၀မိနစ်ရှိပြီ...အခုမှရောက်ရတာလဲ"
မျက်နှာတစ်ခုလုံးသုန်မှုန်နေပြီး ဒေါသထွက်နေသည့်အသံနဲ့ရုတ်တရက်မေးလာတော့ မိုးသားကြောင်သွားသည်။
"ဘာလဲ.. .ဟိုကောင်ခန့်မင်းသန့်မေးတာမဟုတ်လို့ မဖြေတာလားဟမ်...မိုးသားတိမ်လွှာ"
"မ..မဟုတ်ပါဘူး...စာရေးနေလို့ပါ"
"ဟုတ်လို့လား...လူကဖြင့်၂တန်းရှိသေးတယ်..အလိမ်အညာစကားတွေ"
"တ..တကယ်ပါ...မာန်...ကျွန်...ကျွန်တော်မလိမ်ပါဘူး"
"ခန့်မင်းသန့်နဲ့စောက်စကားပြောတုန်းက ဒီလိုစောက်သံ ဒီလိုစောက်ချိုးမဟုတ်ဘူး"
မိုးသားဘာမှပြန်မပြောတော့ဘဲ ခေါင်းသာငုံ့နေလိုက်တယ်။
#######################################
"ဟော....သားတို့တောင်ပြန်လာပြီလား"
"ဟုတ်...ကြီးကြီး"
"မာန်...သားအစာပြေဘာစားမလဲ..မိုးသားလေးရောဘာစားအုန်းမလဲ"
"ကြီးမြ...သားမစားတော့ဘူး..စာလုပ်တော့မယ်နော်"
"အော်...အေးအေး"
"ကြီးမှ..ကျွန်တော့်ကိုနွားနို့တစ်ခွက်လာပို့ပေး"
"ဟုတ်ပြီသားလေး...ကြီးမြပြင်ဆင်ပြီးရင်လာပို့မယ်"
"ကြီးမြမပို့နဲ့....မိုးသားတိမ်လွှာကိုပို့ခိုင်းလိုက်"
"သားရယ်..မိုးသားလေးကာလုပ်မလို့တဲ့လေ"
"ကျွန်တော့်ကိစ္စမှန်သမျှ သူပဲလုပ်ရမှာ"
မာန်ထိုသို့ပြောပြီးအခန်းရှိရာကိုတက်လာခဲ့တယ်။
ကျောင်းမှာဟိုကောင်ခန့်မင်းသန့်နဲ့မိုးသားတိမ်လွှာကို တွဲတွေ့လိုက်ရလို့မှ စိတ်မကြည်ပါဘူးဆို။"စိတ်ကြည်သွားအောင်ရေချိုးရမယ်"
မာန်ရေချိုးပြီး ရေချိုးခန်းထဲကထွက်လာတော့ မာန့်ကုတင်ဘေးကခုံမှာ ထိုင်နေတဲ့ကောင်လေး
YOU ARE READING
Doctor Is Mine(ongoing)
Romanceအမုန်းတွေနဲ့ပြည့်နှက်နေတဲ့သူ့မှာ ချစ်တတ်တဲ့နှလုံးသားရှိသတဲ့လား.. Characters-မာန်၀င့်ချီ+မိုးသားတိမ်လွှာ ဖန်တီးသူ၏စိတ်ကူးသာ🌻🧡