Part-2(Zawgyi)

25.9K 2.1K 216
                                    

LA Entertainmentအဆောက်အဦးထဲသို့ကားတွေဆက်တိုက်ဝင်လာသည်နှင့် ထိုကားတွေအနား Staffတစ်ချို့နှင့်ရှုပ်ယှက်ခက်သွား၏ACEအဖွဲ့Reality Showရိုက်ပြီး ပြန်ရောက်လာကြတာဖြစ်ကြောင်း မပုံ့ကပြောပြ၍ ဏီဏီလည်းသိရတာဖြစ်သည်။ထို့ကြောင့် ဏီဏီ့မျက်လုံးအစုံက ထိုကားနက်တွေဆီကိုပဲ အရုဏ်ရောက်နေတာဖြစ်၏ဏီဏီ့အတွက်ACE membersတွေကို ပထမဆုံးအကြိမ်မြင်တွေ့ခွင့်ရမှာဖြစ်သဖြင့် စိတ်လှုပ်ရှားနေကာ လက်ဖျားတွေပါအေးစက်လာရသည်။

Staffတွေတံခါးဖွင့်ပေးသည်အထိမစောင့်ပဲ ကားထဲမှလူတစ်ယောက်အရင်ထွက်လာ၏လျှာထိုးဦးထုပ်အနက်ကိုခပ်ငိုက်ငိုက်စောင်းထားပေမယ့် အဲ့ဒီသူကဘုန်းတည်ဆိုတာမှန်း ဏီဏီတန်းသိလိုက်သည်။6ပေလောက်ရှိသည့် သူ့အရပ်အမောင်းက Staffတွေကြားထဲထင်းနေ၏Over sizeတီရှပ်အဖြူစွတ်စွတ်ကို Short Pantအနက်ပွပွနဲ့တွဲဝတ်ထားသဖြင့် သူ့ပုံစံကလူငယ်ပိုဆန်သလိုပင်။စီးထားသည့်Nike brand Shoeအဖြူကအစ သူနဲ့ပေါ်လွင်နေ၏

သူ့Managerဟုထင်ရသည့်လူက သူ့ကိုဘာပြောလိုက်သည်မသိ။ထိုလူ့ကိုလှည့်တောင်မကြည့်ဘဲလက်ကာပြကာ ရှေ့ဆုံးကနေအဆောက်အဦးထဲသို့ အရင်ဆုံးလှမ်းဝင်လာ၏မျက်နှာထားက Screenပေါ်မှာမြင်ရသည့်မျက်နှာထားထက် ပို၍ခက်ထန်သည်။ထူတန်းနေသည့်မျက်ခုံးတန်းအောက်မှ မျက်လုံးအစုံက စူးရှတည်ငြိမ်သည်။

သူ့အနောက်ကနေမှ တခြားmembersတွေတစ်ယောက်ပြီးတစ်ယောက်တောက်လျှောက်ဝင်လာကြတာဖြစ်သည်။သူတို့အားလုံးFree Styleတွေပဲဖြစ်ကာ တစ်ယောက်တစ်မျိုးကြည့်ကောင်းကြပေမယ့် သူကအားလုံးထဲတွင် အရပ်အမြင့်ဆုံးဖြစ်ကာ ကိုယ်လုံးကလည်းအထွားဆုံးလိုဖြစ်နေသဖြင့် ကြည့်အကောင်းဆုံးဖြစ်သည်။မှန်တံခါးကနေအထဲကိုရောက်လာတော့ သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ခွင့်ရ၏make-upဖျက်ထားသည့်သူ့မျက်နှာကကြည်လင်နေပြီး ဖြောင့်စင်းသည့်နှာတံဘေးမှ မှဲ့အနက်ကလေးကိုပါကောင်းကောင်းမြင်လိုက်ရ၏သူ့နှာတံဘေးစပ်မှာမှဲ့ရှိနေတာပဲ။သူ့ဘယ်ဘက်လက်ကောက်ဝတ်တွင် Rolexနာရီနှင့်လက်ညိုးမှာပလက်တီနမ်လက်စွပ်တစ်ကွင်းဝတ်ထားသေး၏

ဏီဏီနဲ့မပုံ့တို့ရပ်ကြည့်နေတဲ့အနား သူရောက်လာသည်အထိ ဏီဏီသူ့ကိုပဲသတိလက်လွတ်ငေးနေမိသေး၏ဏီဏီ့ကိုလည်းအဝေးမှာကတည်းက သူတောက်လျှောက်ကြည့်လာသလားသေချာမသိလိုက်။ဘေးကနေဖြတ်လျှောက်သွားတော့မှ သူ့မျက်လုံးတွေကလည်းမပုံ့ဘေးမှာကပ်ရပ်နေသည့် ဏီဏီ့မျက်နှာကနေခွာမသွားသေးကြောင်း သိလိုက်ရတာဖြစ်သည်။ဏီဏီသတိထားလိုက်မိတာနှင့် အမြန်မျက်လွှာချပစ်လိုက်ရ၏စူးရှလွန်းသည့်သူ့အကြည့်တွေက ဏီဏီ့မျက်လုံးတည့်တည့်ကို တည်တည်ငြိမ်ငြိမ်စူးစူးစိုက်စိုက် ကြည့်သွားတာဖြစ်သည်။

Personal StylistWhere stories live. Discover now