Part-25(Zawgyi)

24.9K 1.6K 219
                                    

Villaထဲကားချိုးဝင်သည်နှင့် ခြေဖျားလက်ဖျားတွေအေးလာသလိုပင်။သူ့အိမ်ဆိုသည့်အတွေးနဲ့တင် ရင်ခုန်တာရော၊ကြောက်မိတာပါ ရောကုန်သလို။ကားပါကင်မှာလည်း ကားအစီး50လောက်က အနည်းဆုံးဖြစ်မည်ထင်သည်။သူတို့မိသားစုထဲက တစ်ယောက်ယောက်အပြင်ထွက်တာနဲ့ ဆင်တူကားအစီး20လောက်က အနောက်မှာအမြဲပါတယ်ဆိုတာ ဟုတ်လောက်မည်။

Security Guardsတွေကလည်း ခြံဝန်းနဲ့အပြည့်လို့တောင်ပြောရမလို။မောင့်မိသားစုနေသည့်Villaက မောင့်Villaထက်ပိုခမ်းနားတာကို မငြင်းနိုင်။ဏီဏီ့စိတ်ထဲ မောင်တစ်ယောက်တည်းနေသည့် Villaကိုတောင် ခမ်းနားလှပြီထင်နေတာ။မောင့်မိသားစုဟာ ဏီဏီထင်တာထက်များစွာ ချမ်းသာကြသူတြွေဖစ်သည်။

ကားထဲကဆင်းရမှာကြောက်နေသည့်ဏီဏီ့ကို မောင်ကိုယ်တိုင်တံခါးဖွင့်ပေးပြီးလက်ကမ်းလာ၏ဏီဏီအပြင်ထွင်လာတော့လည်း ပခုံးလေးကိုဖက်ထားပေးသည်။

"မောင်"

"မကြောက်နဲ့ ကျွန်တော့်ကိုယုံ"

"အင်း!"

"လာ သွားရအောင်"

ဏီဏီမောင့်လက်ကိုဆွဲပြီးလိုက်လာခဲ့ရသည်။Villaထဲကိုမဝင်ခင် လမ်းမှာတွေ့ရသည့် Security Guardsတွေကလည်း မောင့်ကိုမြင်သည်နှင့်ဦးညွှတ်ကြ၏မောင်ကဏီဏီ့ကို မကြာခဏငုံ့ကြည့်သည်။ဏီဏီမောင့်အကြည့်ကိုနားလည်၏ထိုအကြည့်တွေထဲမှာ ဏီဏီ့ကိုအားမငယ်ဖို့နဲ့ ကြောက်မနေဖို့။

မောင့်အဘိုးကအိမ်ကိုလိုက်ခဲ့ဖို့ပြောတိုင်း ဏီဏီငြင်းပစ်ခဲ့တာ အခုလိုတွေကြောင့်ဖြစ်သည်။ထင်ထားတာထက်ပို၍ ကြီးကျယ်ခမ်းနားသော ဘဝတွေကို ပိုင်ဆိုင်ထားကြသူတွေက မောင့်ကိုဏီဏီနဲ့ကြည်ဖြူပေးတာကိုပဲ လွန်လှပြီပြောရမလို။

အိမ်ကြီးထဲကိုဝင်လာသည်အထိ Security Guardsတွေပဲတွေ့ရကာ မောင့်မိသားစုဝင်တွေကိုမတွေ့ရသေး။ဏီဏီ့စိတ်ထဲတစ်မျိုးဖြစ်လာသည်။မောင့်မိသားစုက မကြိုဆိုချင်ကြတာပဲလား။ဏီဏီက သူတို့ကြိုဆိုချင်တဲ့အနေအထားမျိုးမှမဟုတ်တာ။ဏီဏီက သူတို့သားကိုပြောင်းလဲစေခဲ့တဲ့သူမလား။

"ဘိုးဘိုးကို အရင်သွားနှုတ်ဆက်ရအောင်"

"အင်း"

Personal StylistWhere stories live. Discover now