Part-11(Unicode)

143K 11.6K 4.4K
                                    

Ring!

Ring!

ဖုန်းသံကြားမှ ဘုန်းတည်အသိအရုဏ်ပြန်လည်နိုးကြားလာရ၏မျက်လုံးကောင်းကောင်းမဖွင့်နိုင်သေးခင် အိပ်ရာဘေးမှဖုန်းကို အရင်ဆုံးကောက်ကိုင်လိုက်လျှင်

"ဘုန်းတည် မင်းVillaမှာလား"

"အင်း!"

"ဒါဆိုညကမင်းတို့ နေဖြစ်ကြတယ်ဆိုတဲ့သဘောပေါ့"

သီဟစကားကြောင့်ဘုန်းတည်တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားသည်။ထို့နောက် ရင်ခွင်ထဲကခပ်နွေးနွေးအထိအတွေ့ကိုပါ တဆတ်တည်းခံစားမိ၏သူ့ရင်ခွင်ထဲတိုးဝင်မှေးစက်နေသူကိုငုံ့ကြည့်ပြီး ဘုန်းတည်အိပ်ချင်မူးတူးဖြစ်နေတဲ့စိတ်တောင် ပျောက်သွားရ၏ညကသူတို့တကယ်ဖြစ်ခဲ့ကြတာပဲ။

"ညက မင်းတကယ်လားဟေ့ကောင်"

"အင်း"

"မင်း လာခဲ့တော့လေ၊ကိုရှိန်းကမင်းကို 10နာရီအရောက်လာခဲ့ဖို့ပြောခိုင်းနေတယ်"

"အင်း!"

ဖုန်းကျသွားသည်နှင့် ဘုန်းတည်ရင်ခွင်ထဲတိုးဝင်အိပ်စက်နေသူကို နောက်တစ်ကြိမ်ပြန်ကြည့်မိလျှင် ထိုသူ့ကိုယ်မှာဝတ်ထားသည့် Wedding dressအဖြူရောင်၏ကြိုးတွေက လက်မောင်းတွေအထိလျှောကျနေ၏ထိုသူ့လက်ပြင်နှင့်ပခုံးတွေမှာပါ အနီစက်တွေထင်ထင်းရှားရှားရှိနေတာပဲ။ဆံပင်ရှည်တစ်ချို့က အိပ်ရာထက်ဖြာကျနေပုံမှာ မိန်းကလေးနှင့်တူလွန်းသည်။

သူညကဒီလူနဲ့တကယ်အိပ်ပစ်ခဲ့သည်။ဒီလူနိူးလာရင် သူ့ကိုဘယ်လိုမြင်မလဲမသိဘူး။ငွေကြေးကြောင့်သူ့ကို လက်ခံလိုက်တာကိုလည်းသိနေကာ စိတ်ထဲတစ်မျိုးဖြစ်နေသည်။ငွေကြေးကြောင့်မဟုတ်ရင် ဒီလူသူ့ကိုလက်ခံစရာအကြောင်းမှမရှိပဲ။သူ့အဖေအကြွေးအတွက်နဲ့ ဒီလူဘယ်သူနဲ့ဖြစ်ဖြစ်အိပ်ပေးမယ့်အနေအထားမျိုးလား။

ကျစ်!

စိတ်ထဲတစ်မျိုးဖြစ်သွားပေမယ့် ဒီလူ့ရဲ့ပထမဆုံးကိုသူရလိုက်သည်။ပြီးတော့ ဒီလူ့ကိုသူတစ်နှစ်လုံး စိတ်ကြိုက်စားသုံးခွင့်ရမည်။သူ့ဘဝမှာယောင်္ကျားတစ်ယောက်နှင့် အတူအိပ်ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှမတွေးဖူးခဲ့။သူ့ရဲ့ပထမဆုံးက ယောင်္ကျားတစ်ယောနဲ့နေဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေး။

Personal StylistDonde viven las historias. Descúbrelo ahora