အင်ပါယာရဲ့အိမ်ရှေ့စံပူတူးလေး

3.6K 193 4
                                    

AD 285 ခုနှစ်။

လက်ရှိအုပ်ချုပ်နေတဲ့ ဧကရာဇ်မင်းဟာ သူ့ရဲ့လက်ထပ်မှာ နယ်မြေချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံတစ်ခုအဖြစ်ကနေ အင်ပါယာအဖြစ်ကို ပြောင်းလဲနိုင်ခဲ့တယ်။

ဧကရာဇ်ရဲ့ဩဇာလွှမ်းမိုးမှုအရှိန်အဝါက ဟုန်းဟုန်းထလို့...
နိုင်ငံငယ်လေးတွေ လူမျိုးစုတွေဟာ အင်ပါယာနဲ့မဟာမိတ်ဖွဲ့ပြီးကာကွယ်မှုကိုခံယူကြတယ်..

တောင်ပိုင်း‌ဒေသရဲ့လူရိုင်းမျိုးနွယ်စုလည်းအပါအ၀င်ပေါ့...
မြေပုံပေါ်မှာသီးသန့်ခွဲထွက်နေတဲ့ တောင်ပိုင်းဒေသဟာ မျိုးရိုးစဉ်ဆက် အုပ်ချုပ်သူအဆင့်ဆင့်ပြောင်းလဲခဲ့ပြီးတဲ့နောက် လက်ရှိအုပ်ချုပ်သူအကြီးအကဲဟာ အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်တာဖြစ်တယ်..

ကိုယ်ခံပညာထူးချွန်ပြီး ဆေးဖက်၀င်အပင်တွေပေါများတဲ့ဒေသမှာနေလို့ ဆေးပညာမှာထူးချွန်တဲ့ တောင်ပိုင်းသားတွေဟာ ဘိုးဘေးတို့ကို အစဉ်အောက်မေ့တဲ့အနေနဲ့ လူရိုင်းမျိုးနွယ်စုအမည်နာမကိုသာ အသုံးပြုကြတယ်...
-
-
ဆောင်ဦးရဲ့ ရောင်ခြည်နုနုက လူပျားပန်းခတ်မျှရှုပ်ထွေးနေတဲ့ မြို့တော်ကိုဖုံးလွှမ်းလို့နေတယ်..

ဈေးသည်တွေ ၀ယ်သူတွေနဲ့ရောင်း‌၀ယ်ဖောက်ကားနေတဲ့ အလွှာတန်းစားမျိုးစုံ သက်၀င်နေတဲ့ မင်းနေပြည်တော်ရဲ့ ဈေးတန်းက စည်ကားလို့..

မင်းကြီးနန်းတော်နဲ့ ဈေးကိုလာရာလမ်းတစ်လျှောက်မှာတော့ ခမ်းနားပြီးအတော်တန်သပ်ရပ်တဲ့ တည်းခိုဆောင်ရှိတယ်..
တိတိကျကျပြောရပါလျှင် မြို့တော်ရဲ့နာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့ ရှေ့တည့်တည့်ကနေရာတစ်ခု..

အခန်းငယ်အတွင်းမှာတော့အရွယ်ရောက်ပြီးသား တောင့်တင်းတဲ့ကိုယ်ခန္ဓာနဲ့ အမျိုးသားတစ်ယောက်ဟာ ကူကယ်ရာမဲ့အဖြစ်မျိုးနဲ့ကြုံနေရတယ်...ချည်အင်္ကျီကြမ်းတစ်ထည်နဲ့ သုံးရောင်စပ်ချည်မျှင်တွေနဲ့ယက်လုပ်ထားတဲ့ နဖူးစည်းကိုစည်းထားသူက ခါးမှာလည်း တောလိုက်ဓားမြှောင်တစ်ချောင်းထိုးလို့...
လည်ပင်းမှာတော့ တိရစ္ဆာန်အစွယ်နဲ့လုပ်ထားတဲ့ လည်ဆွဲတစ်ခုကိုဆွဲလို့ရယ်....

The Whole Emperor's Love S(2){整个帝国的爱}//Completed//Where stories live. Discover now